COVID-19 ပိုးတွေ့လူနာ အသစ် မရှိ၊ ပြန်လည် သက်သာလာသူ ၇ ဦး ထပ်တိုး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ပိုးတွေ့လူနာ အသစ် မရှိ၊ ပြန်လည် သက်သာလာသူ ၇ ဦး ထပ်တိုး




COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် မရှိကြောင်းနှင့် ပြန်လည် သက်သာလာသူ ၇ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (မေလ ၁၆ ရက်) ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှု ဆိုင်ရာဌာနနှင့် ဆေးသုတေသနဦးစီးဌာနတို့မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၂၃၁ ခုတွင် COVID-19 ပိုး မတွေ့ရခြင်း ဖြစ်သည့် အပြင် ယခင် အတည်ပြုလူနာအမှတ် (၄၀)၊ (၄၉)၊ (၅၆)၊ (၅၇)၊ (၇၇)၊ (၁၂၁)နှင့် (၁၅၁)တို့၏ ဓါတ်ခွဲနမူနာများတွင် ၂ ကြိမ်ဆက် COVID-19 ပိုး မတွေ့ရတော့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (မေလ ၁၆ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၈၂ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၉၅ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၇ ဦး ရှိကာ ၅ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats