ရှမ်းပြည်နယ်ရှိ COVID-19 ပိုးတွေ့လူနာများ ကျန်းမာရေးအခြေအနေ ကောင်းမွန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်ရှိ COVID-19 ပိုးတွေ့လူနာများ ကျန်းမာရေးအခြေအနေ ကောင်းမွန်


နန်းဝင်းရီ
.
ရှမ်းပြည်နယ်ရှိ COVID-19 ပိုးတွေ့ အတည်ပြုလူနာများ၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေလျက် ရှိကြောင်း ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှု ခံယူနေသည့် COVID-19 အတည်ပြုလူနာ အမှတ်(၁၂၁)၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေသည့် အတည်ပြုလူနာ အမှတ်(၆၄)၊ (၉၆)နှင့် (၁၁၂)တို့၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေခြင်း ဖြစ်ကာ ယင်းတို့အနက် လူနာအမှတ် (၉၆)၏ ဓါတ်ခွဲနမူနာတွင် ၂ ကြိမ်ဆက် ပိုး မတွေ့ရတော့ သဖြင့် လာမည့် မေလ ၁၉ ရက်တွင် ဆေးရုံဆင်းခွင့် ရတော့မည် ဖြစ်ကြောင်း သိရသည်။
.

 အတည်ပြုလူနာ ၃ ယောက်လုံး ကျန်းမာရေး အခြေအနေ ကောင်းပါတယ်။ ၂ ယောက်ကတော့ သီးသန့် အခန်းထဲမှာ ရှိသေးတယ်။ Case 96 ကတော့ Quarantine ခန်းထဲမှာပါ။ သူကတော့ မေလ ၁၉ ရက်နေ့မှ Quarantine ပြည့်မှာ ဖြစ်ပါတယ်။ လူနာတွေရဲ့ ကျန်းမာရေး အခြေအနေက အားလုံး ကောင်းပါတယ်။ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဘစိုးသက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှု ခံယူနေသည့် COVID-19 အတည်ပြုလူနာ အမှတ်(၁၂၁)၏ ဓာတ်ခွဲနမူနာအား ယနေ့(မေလ ၁၄ ရက်) နံနက်ပိုင်းတွင် အမျိုးသားဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သို့ ထပ်မံ ပေးပို့ထားကြောင်း ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာနှင်းအိဖြူထံက သိရသည်။
.
မြန်မာနိုင်င်တွင် ယနေ့ မေလ ၁၄ ရက်၊ နံနက်ပိုင်းအထိ COVID-19 ပိုးတွေ့အတည်ပြုလူနာ ၁၈၁ ဦး ရှိပြီး ယင်းတို့အနက် ၇၉ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကာ ၆ ဦးမှာ သေဆုံးခဲ့ရကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၇ ဦး ရှိကာ ၄ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats