စုလှိုင်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့်
COVID-19 အတည်ပြုလူနာ အမှတ် (၁၄၃) ၏ ဓါတ်ခွဲအဖြေတွင် ၂ ကြိမ်ဆက်တိုက် ရောဂါပိုး မတွေ့ရှိသဖြင့်
ယနေ့ မေလ ၉ ရက်တွင် ဆေးရုံမှ ဆင်းခွင့် ရပြီဖြစ်ကြောင်း သိရသည်။
.
.
“သူက ၂ ကြိမ်ဆက်တိုက် Negative ဖြစ်သွားပါပြီ။ ဒီနေ့ ဆေးရုံကဆင်းဖို့
ပြင်နေပါပြီ။ ဟိုတယ် Quarantine ၇ ရက် ထားပါမယ်။ ၁၄ ရက်နေရင် ပြန်ကြည့်ပါမယ်” ဟု မူဆယ်ပြည်သူ့ဆေးရုံမှ
ဒေါက်တာဟန်နိုင်စိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
ယင်း အတည်ပြုလူနာ အမှတ် (၁၄၃) နှင့် ဆက်စပ်နေသူ အားလုံးကိုလည်း
Home Quarantine ၂၁ ရက် ထားရှိ ထားပြီး အားလုံး ကျန်းမာရေးကောင်းမွန်နေသည်ဟု သိရသည်။
.
ထို့အတူ ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး
ဒေါက်တာတင်မောင်ညွန့်ကလည်း “ဆေးရုံက ဆင်းခွင့်ရပါပြီ။ Hotel Quarantine ၇ ရက်ထားပြီး
အိမ်မှာ ၇ ရက် ဆက်ထားပါမယ်” ဟု အတည်ပြု ပြောဆိုခဲ့သည်။
.
မူဆယ်ခရိုင်အတွင်းရှိ ဆေးရုံအသီးသီးတွင် COVID-19 စောင့်ကြည့်လူနာ
၁၅ ဦး အထိ ရှိနေကြောင်း ၎င်းထံက သိရသည်။
.
ရှမ်းပြည်နယ်အတွင်း ယနေ့ မေလ ၉ ရက်အထိ COVID-19 ပိုးတွေ့လူနာ ၇
ဦး အထိ ရှိနေပြီး ယင်းတို့အနက် ၄ ဦးမှာ ရောဂါမှ ပြန်လည်သက်သာလာပြီဖြစ်ကြောင်း သိရသည်။
.