ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းမှ ပေးပို့ထားသည့် ဓါတ်ခွဲနမူနာများအနက်
၇၇ ဦးတွင် COVID-19 ပိုး မတွေ့ရှိရဘဲ ကျန်ဓါတ်ခွဲအဖြေများ ရရှိခြင်း မရှိသေးကြောင်း
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
.
.
“Case-121 နဲ့ နောက်ထပ် ၈၈ ဦး၊ စုစုပေါင်း ၈၉ ဦးမှာ ၇၇ ဦးက
Negative ဖြစ်ပါတယ်။ Case-121 ရဲ့ အဖြေကတော့ မရသေးပါဘူး။ သူ့မိသားစုဝင် ၅ ဦးလည်း
Negative ထဲမှာ ပါပါတယ်” ဟု ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး
ဒေါက်တာနှင်းအိဖြူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
.
မြန်မာနိုင်ငံတွင် မေလ၈ ရက်၊ ည ၁၀ နာရီအထိ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ
၁၇၇ ဦး ရှိလာပြီဖြစ်ပြီး ၎င်းတို့အနက် ၆ ဦး သေဆုံး၍ ၄၃ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုပြီဖြစ်ကာ
သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ် စောင့်ကြည့်လျက်ရှိကြောင်း ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
.
ရှမ်းပြည်နယ်တွင် ယနေ့ မေလ ၉ ရက်အထိ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၇ ဦး ရှိနေပြီး ၎င်းတို့အနက် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် တက်ရောက်ဆေးဝါးကုသမှု ခံယူခဲ့သော COVID-19 ပိုးတွေ့လူနာ အမှတ် (၂၉) နှင့် လားရှိုးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူခဲ့သော ပိုးတွေ့လူနာအမှတ် (၁၄) နှင့် မူဆယ်ပြည်သူ့ ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူခဲ့သော လူနာအမှတ် (၁၄၃) တို့မှာ ရောဂါပိုး မတွေ့ရှိသဖြင့် ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်သည့်အပြင် ကျိုင်းတုံ ဆေးရုံမှ ပိုးတွေ့လူနာအမှတ် (၉၆) သည်လည်း ရောဂါပိုး မတွေ့ရှိတော့သဖြင့် Hospital Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
.