COVID-19 ပိုးတွေ့လူနာ အသစ် မရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ပိုးတွေ့လူနာ အသစ် မရှိ

COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် မရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (မေလ ၅ ရက်) ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)နှင့် ဆေးသုတေသနဦးစီးဌာနမှ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၀၀ တွင် COVID-19 ပိုး မတွေ့ရခြင်း ဖြစ်ကြောင်းနှင့် စောင့်ကြည့်လူနာ အသစ် ၉၈ ဦး ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.

မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (မေလ ၅ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၆၁ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၄၉ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၇ ဦး ရှိကာ ၂ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။
.
ကမ္ဘာ့နိုင်ငံများတွင် COVID-19 ပိုးတွေ့ အတည်ပြုလူနာ စုစုပေါင်း ၃၄၈၉၀၅၃ ဦး တွေ့ရှိထားပြီး ယင်းအနက် သေဆုံးသူ ၂၄၁၅၅၉ ဦး ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ မေလ ၅ ရက်၊ ညနေ ၃ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

Journal Download

Photo of three cats