မင်းဇော်မင်း
.
နေပြည်တော်တိုင်း
စစ်ဌာနချုပ်နယ်မြေ အတွင်း၌ တာဝန်ထမ်းဆောင်လျက် ရှိသော တပ်မတော်သား တစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မေလ ၄ ရက်၊ ညနေပိုင်းတွင် သတင်း ထုတ်ပြန်ခဲ့သည်။
.
အဆိုပါ စစ်သည်မှာ ဧပြီလ ၃၀ ရက်၌
ဖျားခြင်း၊ လည်ချောင်း နာခြင်း၊ ဝမ်းပျက်ဝမ်းလျှော ရောဂါများ ခံစားနေရသဖြင့် မေလ ၁
ရက်တွင် နယ်မြေခံ တပ်မတော်ဆေးရုံရှိ ကုသဆောင်၌ သီးခြား စောင့်ကြည့်၍ ကုသမှုများ ပေးကာ
၎င်း၏ ဓါတ်ခွဲနမူအား PCR နည်းဖြင့် စမ်းသပ် စစ်ဆေးစဉ် COVID-19
ရောဂါပိုး တွေ့ရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
COVID-19 ပိုး တွေ့ရှိရသည့် စစ်သည်အား တပ်မတော်မှ COVID-19 ရောဂါ
ကုသရန် သတ်မှတ်ထားသည့် ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုပေးလျက် ရှိကြောင်းနှင့် ၎င်း၏
ကျန်းမာရေး အခြေအနေမှာ တည်ငြိမ် ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
.
ထို့အပြင် COVID-19 ပိုးတွေ့စစ်သည်နှင့်
ဆက်စပ် ထိတွေ့မှု ရှိခဲ့သူများကိုလည်း ရောဂါ ရှာဖွေ ဖော်ထုတ်ခြင်း၊ အသွားအလာ ကန့်သတ်စောင့်ကြပ်
ကြည့်ရှုခြင်းများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။
.