ရှမ်းပြည်နယ်ရှိ COVID-19 လူနာများအားလုံး ရောဂါပိုး ကင်းစင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, May 31, 2020

ရှမ်းပြည်နယ်ရှိ COVID-19 လူနာများအားလုံး ရောဂါပိုး ကင်းစင်

နန်းဝင်းရီ
.
ရှမ်းပြည်နယ်အတွင်းရှိ COVID-19 ပိုးတွေ့ အတည်ပြုလူနာများအားလုံး ရောဂါပိုး ကင်းစင်သွားပြီဖြစ်ကြောင်း သိရသည်။
.
 
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့သော လူနာအမှတ် (၂၉)၊ လူနာအမှတ် (၁၂၁)၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့သော လူနာအမှတ် (၁၄)၊ လူနာအမှတ် (၁၄၃) နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့သော လူနာအမှတ် (၉၆)၊ လူနာအမှတ် (၁၁၂) တို့သည် COVID-19 ရောဂါပိုး ကင်းစင်၍ ဆေးရုံမှ ဆင်းခွင့်ရပြီးဖြစ်ကာ ကျိုင်းတုံမြို့မှ လူနာအမှတ် (၆၄) သည်လည်း ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိတော့သဖြင့် ရှမ်းပြည်နယ်အတွင်းရှိ အတည်ပြုလူနာများအားလုံး ရောဂါပိုး ကင်းစင်သွားခြင်းဖြစ်ကြောင်း သိရသည်။
.
“လူနာအမှတ် (၆၄) ရဲ့ ၈ ကြိမ်မြောက် ဓါတ်ခွဲအဖြေက Negative ပါ။ Quarantine ၁၄ ရက် နေပြီးရင် ဆေးရုံက ဆင်းလို့ရပါပြီ။ လူနာအမှတ် (၁၁၂) ကလည်း နောက်တစ်ပတ်နေပြီးရင် ဆေးရုံက ဆင်းရပါပြီ” ဟု ရှမ်းပြည်နယ် အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယနေ့ မေလ ၃၁ ရက် နံနက်ပိုင်းအထိ COVID-19 အတည်ပြုဖြစ်ပွားသူ ၂၂၄ ဦး ရှိပြီဖြစ်ပြီး ၎င်းတို့အနက်  ၂ ကြိမ် ဆက်တိုက် ပိုးမတွေ့၍ ရောဂါမှ ပြန်လည်သက်သာလာသူ ၁၃၀ ဦးရှိကာ သေဆုံးသူ ၆ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About