အိန္ဒိယမှ ပြန်လာသူ ၁၇ ဦးတွင် COVID-19 ပိုးတွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, May 30, 2020

အိန္ဒိယမှ ပြန်လာသူ ၁၇ ဦးတွင် COVID-19 ပိုးတွေ့ရှိ


ကမ္ဘောဇတိုင်း
.
အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ ရန်ကုန်တိုင်းဒေသကြီးမှ ၁၅ ဦးနှင့် မန္တလေးတိုင်းဒေသကြီးမှ ၂ ဦး၊ စုစုပေါင်း ၁၇ ဦး တို့တွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ မေလ ၃၀ ရက်၊ နံနက် ၇ နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။
.
 
.
အမျိုးသားဓါတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသုတေသနဦးစီးဌာနနှင့် အမှတ် (၁) တပ်မတော်ဆေးရုံကြီး ကုတင် ၁၀၀၀ တို့မှ မေလ ၃၀ ရက်၊ နံနက်အစောပိုင်းအထိ ဓါတ်ခွဲနမူနာ စုစုပေါင်း ၆၅၃ ဦး တို့အား စစ်ဆေးခဲ့ရာ အဆိုပါ ၁၇ ဦးတွင် COVID-19 ပိုးတွေ့ရှိပြီး ကျန်ဓါတ်ခွဲနမူနာများတွင် ရောဂါပိုး တွေ့ရှိခြင်း မရှိကြောင်း သိရသည်။
.
သို့ဖြစ်၍ မြန်မာနိုင်ငံတစ်ဝှမ်းတွင် COVID-19 အတည်ပြုဖြစ်ပွားသူ ၂၂၄ ဦး ရှိလာနေပြီဖြစ်ပြီး ၎င်းတို့အနက်  ၂ ကြိမ် ဆက်တိုက် ပိုးမတွေ့၍ ရောဂါမှ ပြန်လည်သက်သာလာသူ ၁၃၀ ဦးရှိကာ သေဆုံးသူ ၆ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About