COVID-19 ပိုးတွေ့ လူနာအသစ် ၁ ဦး​တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ပိုးတွေ့ လူနာအသစ် ၁ ဦး​တွေ့ရှိ

COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၁ ဦး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (မေလ ၂၉ ရက်) ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) နှင့် ​နေပြည်​တော်ရှိ တပ်မ​တော်​ဆေးရုံတို့မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၅၆၁ ခုအနက် ၁ ဦးတွင် COVID-19 ပိုးတွေ့ရှိခြင်း ဖြစ်ကာ အဆိုပါ အတည်ပြုလူနာမှာ ပုသိမ်မြို့နယ်၌ အသွားအလာ ကန့်သတ်ထားသည့် ​မော်လမြိုင်ကျွန်းမြို့နယ်မှ အသက် ၄၄ နှစ်အရွယ် အမျိုးသား ဖြစ်​ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (မေလ ၂၉ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၂၀၇ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၁၃၀ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၇ ဦး ရှိကာ ၆ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats