ကျိုင်းတုံဆေးရုံမှ COVID-19 လူနာအမှတ် (၆၄) ၏ ၇ ကြိမ်မြောက် ဓါတ်ခွဲအဖြေတွင် ပိုးမတွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, May 27, 2020

ကျိုင်းတုံဆေးရုံမှ COVID-19 လူနာအမှတ် (၆၄) ၏ ၇ ကြိမ်မြောက် ဓါတ်ခွဲအဖြေတွင် ပိုးမတွေ့


စုလှိုင်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် မိုင်းဖြတ်မြို့မှ COVID-19 ပိုးတွေ့ အတည်ပြုလူနာ အမှတ် (၆၄) ၏ ၇ ကြိမ်မြောက် ဓါတ်ခွဲအဖြေတွင် ရောဂါပိုး မတွေ့ရှိရတော့ကြောင်း သိရသည်။
.
 
.
“စစ်တာက ၇ ကြိမ်ပါ။ ၃ ကြိမ်မြောက်မှာ Negative ထွက်တယ်။ ၂ ကြိမ်ဆက်တိုက် Negative မဖြစ်သေးဘူး။ ဆေးရုံ ဆင်းလို့ မရသေးဘူး။ နောက် ၄၈ နာရီမှာ ထပ်စစ်ဦးမှာပါ။ ထပ်စစ်လို့ Negative ဆိုရင်တော့ ဆေးရုံပေးဆင်းမှာပါ” ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ COVID-19 အတည်ပြုလူနာ အမှတ် (၆၄) သည် မိုင်းဖြတ်မြို့မှ အမျိုးသားတစ်ဦးဖြစ်ပြီး ဧပြီလ ၁၅ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ COVID-19 ပိုး တွေ့ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ရှမ်းပြည်နယ်တောင်ပိုင်းမှ ပေးပို့စစ်ဆေးထားသည့် ၁၆၈ ဦးလုံး၏ ဓါတ်ခွဲအဖြေတွင် COVID-19 ရောဂါပိုး တွေ့ရှိရခြင်း မရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About