ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ အင်းလေးကန်ဒေသသို့ စားနပ်ရိက္ခာနှင့် COVID-19 ကာကွယ်ရေး အထောက် အကူပြုပစ္စည်းများ သွားရောက်ထောက်ပံ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, May 24, 2020

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ အင်းလေးကန်ဒေသသို့ စားနပ်ရိက္ခာနှင့် COVID-19 ကာကွယ်ရေး အထောက် အကူပြုပစ္စည်းများ သွားရောက်ထောက်ပံ့


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကမ္ဘောဇဘဏ်လီမိတက် နာယကကြီး ဦးအောင်ကိုဝင်း၊ ရှမ်းပြည်နယ် ပြည်သူ လူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီဝင်များ၊ တာဝန်ရှိသူများသည် ယနေ့ မေလ ၂၄ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းရှိ ကျေးရွာများသို့ သွားရောက် ၍ စားနပ်ရိက္ခာနှင့် COVID-19 ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
.
.
ထိုသို့ ထောက်ပံ့ရာတွင် ညောင်ရွှေမြို့နယ်၊ လက်မောင်းကွေးကျေးရွာအုပ်စု၊ ပန်းတင်ကျေးရွာနှင့် ကျောင်းနားကျေးရွာ များရှိ တောင်ရိုးတိုင်းရင်းသား အိမ်ထောင်စု ၅၀၀ စုအတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများ ပါဝင်သည့် ရိက္ခာထုပ် ၅၀၀ ထုပ်၊ ငွေကျပ် ၁၀၀၀၀ စီနှင့် သစ်ပင်ပျိုးပင်များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
.
ထို့နောက် ကျောင်းနားကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ဆန် ၂၀ အိတ်၊ ဆီ ၅ ပုံးတို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ညောင်ရွှေမြို့နယ်၊ ရွာမကျေးရွာရှိ အင်းသားတိုင်းရင်းသား အိမ်ထောင်စု ၅၀၀ စုအတွက် ရိက္ခာထုပ် ၅၀၀ ထုပ်၊ ငွေကျပ် ၁၀၀၀၀ စီနှင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများကိုလည်းကောင်း၊ ရွာမကျေးရွာရှိ ရွှေဘုံသာ ဘုန်းတော်ကြီးကျောင်းအတွက် ဆန် ၅၀ အိတ်၊ ဆီ ၁၀ ပုံးအားလည်းကောင်း၊ ဟဲယာရွာမ တံတား ၃ စင်း တည်ဆောက်ရေးအတွက် ဘိလပ်မြေ ၆၀၀ အိတ်နှင့် အလှူငွေများအားလည်းကောင်း ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
.
အလားတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင် ဦးဆောင်သော အဖွဲ့သည် ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီဝင်များနှင့်အတူ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ကံကြီးရပ်ကွက်နှင့် ချမ်းသာရပ်ကွက်များမှ အိမ်ထောင်စု ၁၀၈၁ စုအတွက် ရိက္ခာထုပ်ပေါင်း ၁၄၉၁ ထုပ်အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီသည် ကမ္ဘောဇဘဏ်လီမိတက်၏ မတည်လှူဒါန်းငွေ ကျပ်သိန်း ၅၀၀၀ ကျော်၊ အများပြည်သူ လှူဒါန်းငွေများဖြင့် ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူများ၊ စစ်ဘေးရှောင်စခန်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ပရဟိတကျောင်းများသို့ စားနပ်ရိက္ခာနှင့် COVID-19 ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About