ချင်းပြည်နယ်တွင် COVID-19 အတည်ပြုလူနာ ၂ ဦး ထပ်တွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ချင်းပြည်နယ်တွင် COVID-19 အတည်ပြုလူနာ ၂ ဦး ထပ်တွေ့


ကမ္ဘောဇတိုင်း
.
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် COVID-19 ပိုးတွေ့အတည်ပြုလူနာ ၂ ဦး ထပ်မံတွေ့ရှိပြီး မြန်မာတစ်နိုင်ငံလုံးတွင် ယနေ့ မေလ ၂၃ ရက်အထိ COVID-19 ပိုးတွေ့လူနာ ၂၀၁ ဦး ရှိလာနေပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ မေလ ၂၃ ရက်၊ နံနက် ၇ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
 
.
အမျိုးသားကျန်းမာရေးဆိုင်ရာ ဓါတ်ခွဲမှုဌာန (ရန်ကုန်) မှ မေလ ၂၃ ရက်၊ နံနက်အ‌စောပိုင်းတွင် ဒုတိယအသုတ် အဖြစ် ဓါတ်ခွဲနမူနာ ၃၇၄ ခုကို စစ်ဆေးခဲ့ရာ လူနာအသစ် ၂ ဦး ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဓါတ်ခွဲအတည်ပြုလူနာများမှာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှ အသက် ၃၈ နှစ်အရွယ် အမျိုးသားနှင့် အသက် ၂၆ နှစ် အရွယ် အမျိုးသားတို့ဖြစ်ပြီး ၂ ဦလုံးမှာ မလေးရှားနိုင်ငံမှ ပြန်လာသူများဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ ယနေ့ မေလ ၂၃ ရက်၊ နံနက်ပိုင်းအထိ မြန်မာတစ်နိုင်ငံလုံးတွင် COVID-19 အတည်ပြုလူနာ ၂၀၁ ဦး ရှိလာ နေပြီဖြစ်ပြီး ၎င်းတို့အနက် ၆ ဦး သေဆုံး၍ ရောဂါပိုးကင်းစင်လာသူ, ၁၁၆ ဦး ရှိလာနေပြီဖြစ်ကြောင်း သိရသည်။
.
မေလ ၂၂ ရက်နှင့် ၂၃ ရက်၊ နံနက်အစောပိုင်းတွင် အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဓါတ်ခွဲနမူနာ ၅၆၁ ခုနှင့် ဆေးသုတေသနဦးစီးဌာနမှ ဓါတ်ခွဲနမူနာ ၁၇၉ ခု၊ စုစုပေါင်း ၇၄၀ ခုတို့အား ဓါတ်ခွဲ စစ်ဆေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats