မကွေး၊ ရခိုင်နှင့် ဧရာဝတီမှ COVID-19 အတည်ပြုလူနာ တစ်ဦးစီ ထပ်တွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မကွေး၊ ရခိုင်နှင့် ဧရာဝတီမှ COVID-19 အတည်ပြုလူနာ တစ်ဦးစီ ထပ်တွေ့

ကမ္ဘောဇတိုင်း
.
မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ COVID-19 ပိုးတွေ့အတည်ပြုလူနာ တစ်ဦးစီ ထပ်မံတွေ့ရှိပြီး မြန်မာတစ်နိုင်ငံလုံးတွင် COVID-19 အတည်ပြုလူနာ ၁၉၁ ဦးအထိ ရှိလာပြီဖြစ်သည်ဟု သိရသည်။
.
.
အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ မေလ ၁၈ ရက်၊ ညပိုင်းက ဒုတိယအသုတ်အဖြစ် ဓါတ်ခွဲနမူနာ ၂၃၉ ခုအား စစ်ဆေးခဲ့ရာ ၃ ဦး၏ ဓါတ်ခွဲနမူနာတွင် ပိုးတွေ့ရှိပြီး ကျန်ဓါတ်ခွဲနမူနာများတွင် ပိုးမတွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ မေလ ၁၉ ရက်၊ နံနက် ၇ နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။
.
အဆိုပါ ဓါတ်ခွဲအတည်ပြုလူနာများမှာ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်မှ အသက် ၅၀ အရွယ် အမျိုးသား၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ အသက် ၂၅ နှစ်အရွယ် အမျိုးသားနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်မှ အသက် ၂၅ နှစ်အရွယ် အမျိုးသားတို့ဖြစ်ပြီး ၃ ဦးလုံးသည် မလေးရှားနိုင်ငံမှ ပြန်လည်ဝင်ရောက် လာသူများဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ ယနေ့ မေလ ၁၉ ရက်၊ နံနက် ၇ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၉၁ ဦး ရှိလာပြီဖြစ်ပြီး ယင်းတို့အနက် ရောဂါပိုးကင်းစင်လာသူ ၁၀၁ ဦး ရှိကာ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ ၆ ဦး ရှိခဲ့ကြောင်း သိရသည်။
.
မေလ ၁၈ ရက်တွင် ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၁၇၀ ခုနှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ ၄၂၇ ခု၊ စုစုပေါင်း ၅၉၇ ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats