ကမ္ဘောဇတိုင်း
.
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ မေလ ၁၈ ရက်၊ နံနက် ၇ နာရီခွဲအချိန်
သတင်းထုတ်ပြန်ချက်အရ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့မှ COVID-19 ပိုးတွေ့
အတည်ပြုလူနာ ၃ ဦး ထပ်တိုးလာပြီး စုစုပေါင်း ပိုးတွေ့လူနာ ၁၈၇ ဦး ရှိလာပြီဖြစ်ကြောင်း
သိရသည်။
.
.
အမျိုးသားဓါတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ မေလ ၁၇ ရက်က ဓါတ်ခွဲနမူနာ
၁၉၀ ခုအား ဒုတိယအသုတ်အဖြစ် စစ်ဆေးခဲ့ရာ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ အသစ် ၃ ဦး
တွေ့ရှိပြီး ကျန် ဓါတ်ခွဲအဖြေများတွင် ရောဂါပိုး တွေ့ရှိရခြင်းမရှိကြောင်း သိရသည်။
အဆိုပါ လူနာအသစ် ၃ ဦးမှာ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်မှ
အသက် ၄၆ နှစ်အရွယ် အမျိုးသား၊ ကရင် ပြည်နယ်၊ ကော့ရိတ်မြို့နယ်မှ အသက် ၂၂ နှစ်အရွယ်
အမျိုးသားနှင့် အသက် ၃၅ နှစ်အရွယ် အမျိုးသားတို့ဖြစ်ပြီး ၃ ဦး လုံးမှာ COVID-19 ပိုးတွေ့အတည်ပြုလူနာများနှင့်
ထိတွေ့မှုရာဇဝင် မရှိခဲ့သော်လည်း မလေးရှားနိုင်ငံမှ ပြန်လာပြီး အသွားအလာကန့်သတ် စောင့်ကြည့်နေသူများဖြစ်ကြကြောင်း
သိရသည်။
.
သို့ဖြစ်၍ ယနေ့ မေလ ၁၈ ရက်အထိ မြန်မာနိုင်ငံတစ်ဝှမ်းတွင်
COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၁၈၇ ဦး ရှိလာပြီဖြစ်ပြီး ၎င်းတို့အနက် ရောဂါပိုးကင်စင်သူ
၉၇ ဦး ရှိကာ သေဆုံးသူ ၆ ဦး ရှိခဲ့ကြောင်း သိရသည်။
.
မေလ ၁၇ ရက်က အမျိုးသားဓါတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဓါတ်ခွဲနမူနာ
၃၇၆ ခုနှင့် ဆေးသုတေသနဦးစီးဌာနမှ ဓါတ်ခွဲနမူနာ ၂၀၀ ခုတို့အား စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
.