ချင်းပြည်နယ်မှ COVID-19 ပိုးတွေ့လူနာတစ်ဦး ထပ်တိုး၊ စုစုပေါင်း ၁၈၂ ဦး အထိ ရှိလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ချင်းပြည်နယ်မှ COVID-19 ပိုးတွေ့လူနာတစ်ဦး ထပ်တိုး၊ စုစုပေါင်း ၁၈၂ ဦး အထိ ရှိလာ


ကမ္ဘောဇတိုင်း
.
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ မေလ ၁၆ ရက်၊ နံနက် ၇ နာရီ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှ အမျိုးသားတစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ရာ ယင်း အမျိုးသား အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် COVID-19 ပိုးတွေ့လူနာ စုစုပေါင်း ၁၈၂ ဦး ရှိလာနေပြီဖြစ်ကြောင်း သိရသည်။
.
 
.
အမျိုးသားဓါတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ မေလ ၁၆ ရက်၊ နံနက်အစောပိုင်းတွင် တတိယအသုတ်အဖြစ် ဓါတ်ခွဲ နမူနာ ၂၆၇ ခုအား စစ်ဆေးခဲ့ရာ တစ်ဦး၏ ဓါတ်ခွဲနမူနာတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ပိုးတွေ့လူနာသည် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှ အသက် ၃၂ နှစ်အရွယ် အမျိုးသားဖြစ်ပြီး COVID-19 အတည်ပြုလူနာများနှင့် ထိတွေ့မှုမရှိသောလည်း မလေးရှားသို့ ခရီးသွားရာဇဝင် ရှိခဲ့ကာ အသွားအလာ ကန့်သတ် ထားသူတစ်ဦးဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယနေ့ မေလ ၁၆ ရက်အထိ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၁၈၂ ဦး ရှိသည့် အနက် ရောဂါပိုးကင်းစင်လာသူ ၈၉ ဦးရှိပြီး ၇၄ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုပြီးဖြစ်ကာ သေဆုံးသူ ၆ ဦး ရှိခဲ့ကြောင်း သိရသည်။
.
ယမန်နေ့ မေလ ၁၅ ရက်မှ မေလ ၁၆ ရက်၊ နံနက်အစောပိုင်းအထိ အမျိုးသားဓါတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ ဓါတ်ခွဲနမူနာ ၅၄၆ ခုနှင့် ဆေးသုတေသနဦးစီးဌာနမှ ဓါတ်ခွဲနမူနာ ၁၄၈ ခု၊ စုစုပေါင်း ၆၄၉ ခုတို့အား စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats