COVID-19 ပိုးတွေ့လူနာ အသစ် မရှိ၊ ပြန်လည် သက်သာလာသူ ၅ ဦး ထပ်တိုး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, May 15, 2020

COVID-19 ပိုးတွေ့လူနာ အသစ် မရှိ၊ ပြန်လည် သက်သာလာသူ ၅ ဦး ထပ်တိုး

COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် မရှိကြောင်းနှင့် ပြန်လည် သက်သာလာသူ ၅ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (မေလ ၁၅ ရက်) ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.

အမျိုးသားကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာနနှင့် ဆေးသုတေသနဦးစီးဌာနတို့မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၄၂၇ ခုတွင် COVID-19 ပိုး မတွေ့ရခြင်း ဖြစ်သည့် အပြင် ယခင် အတည်ပြုလူနာအမှတ်(၆၅)၊ (၆၇)၊ (၁၁၅)၊ (၁၁၆)နှင့် (၁၁၇)တို့၏ ဓါတ်ခွဲ နမူနာများတွင် ၂ ကြိမ်ဆက်တိုက် COVID-19 ပိုး မတွေ့ရတော့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (မေလ ၁၅ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၈၁ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၈၉ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၇ ဦး ရှိကာ ၄ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About