COVID-19 ပိုးတွေ့လူနာ အသစ်တစ်ဦး ထပ်တိုးပြီး ၁၈၁ ဦး အထိရှိလာ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Wednesday, May 13, 2020

COVID-19 ပိုးတွေ့လူနာ အသစ်တစ်ဦး ထပ်တိုးပြီး ၁၈၁ ဦး အထိရှိလာ


ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံတစ်ဝှမ်းတွင် COVID-19 ပိုးတွေ့ အတည်ပြုလူနာ တစ်ဦး ထပ်တိုးလာပြီး စုစုပေါင်း ၁၈၁ ဦးအထိ ရှိလာပြီ ဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ မေလ ၁၃ ရက်၊ ည ၈ နာရီတွင် ထုတ်ပြန်ကြေညာခဲ့ သည်။
.
.
အဆိုပါ ပိုးတွေ့လူနာအမှတ် (၁၈၁) မှာ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်နေ အသက် ၅၂ နှစ်အရွယ် အမျိုးသမီး ဖြစ်ပြီး ပြည်ပခရီးသွားရာဇဝင် မရှိသော်လည်း အတည်ပြုလူနာအမှတ် (၁၇၉) နှင့် ထိတွေ့ခဲ့သူဖြစ်ကြောင်း သိရသည်။
.
အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယနေ့ မေလ ၁၃ ရက်၊ ညနေပိုင်းတွင် ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၆၇ ခုနှင့် ဆေးသုတေသနဦးစီးဌာန မှ ဓာတ်ခွဲနမူနာ ၈၇ ခု၊ စုစုပေါင်း ၁၅၄ ခုအား စစ်ဆေးပြီးစီးခဲ့ရာ တစ်ဦး၏ ဓါတ်ခွဲအဖြေတွင် ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယနေ့ မေလ ၁၃ ရက်၊ ည ၈ နာရီအထိ COVID-19 ပိုးတွေ့အတည်ပြုလူနာ ၁၈၁ ဦး ရှိလာပြီဖြစ်ပြီး ဓာတ်ခွဲအတည်ပြု လူနာဟောင်း ဓာတ်ခွဲနမူနာများအား စစ်ဆေးမှုများတွင် ၂ ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ  စုစုပေါင်း ၇၉ ဦးရှိကာ ၆၆ ဦးအား ဆေးရုံမှဆင်းခွင့်ပြုပြီး သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကာ အတည်ပြုလူနာများအနက် သေဆုံးသူ ၆ ဦး ရှိခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats