COVID-19 ပိုးတွေ့ လူနာအသစ် မရှိ၊ ၂ ဦး ပြန်လည် သက်သာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ပိုးတွေ့ လူနာအသစ် မရှိ၊ ၂ ဦး ပြန်လည် သက်သာ


COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် မရှိကြောင်းနှင့် ယခင်အတည်ပြုလူနာများအနက် ၂ ဦး ပြန်လည် သက်သာလာ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (မေလ ၁၂ ရက်) ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) နှင့် ဆေးသုတေသနဦးစီးဌာနတို့မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၁၉၇ ခုတွင် COVID-19 ပိုး မတွေ့ရခြင်း ဖြစ်သည့်အပြင် ပိုးတွေ့ အတည်ပြုလူနာများ ဖြစ်သည့် လူနာအမှတ်(၈၂)နှင့် (၁၀၂)တို့၏ ဓါတ်ခွဲ နမူနာများတွင် ၂ ကြိမ်ဆက်တိုက် COVID-19 ပိုး မတွေ့ရှိတော့ကြောင်း ကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (မေလ ၁၂ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၈၀ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၇၆ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၇ ဦး ရှိကာ ၄ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats