COVID-19 ပိုးတွေ့ အတည်ပြုလူနာ မရှိကြောင်းနှင့် ယခင် အတည်ပြုလူနာများအနက် ၂ ဦး မှာ ပြန်လည် သက်သာလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (မေလ ၁၁ ရက်) ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန
(ရန်ကုန်)
နှင့် ဆေးသုတေသနဦးစီးဌာနတို့မှ စစ်ဆေးပြီးစီးခဲ့သော
ဓာတ်ခွဲနမူနာ ၃၅၃ ခု တွင် COVID-19 ပိုး မတွေ့ရခြင်း ဖြစ်ကာ ယခင်အတည်ပြု
လူနာအမှတ်(၃၀)နှင့် (၉၇)တို့၏ ဓါတ်ခွဲ နမူနာများ၌ ၂ ကြိမ်ဆက်တိုက် ပိုး မတွေ့ရတော့ကြောင်း
ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း ဖြစ်သည်။
.
မြန်မာနိုင်ငံတွင်
မတ်လ ၂၃ ရက်မှ ယနေ့ (မေလ ၁၁ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၈၀ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၇၄ ဦးမှာ
ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၇ ဦး ရှိကာ ၄ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း
သိရသည်။