ကမ္ဘောဇတိုင်း
.
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ
အမျိုးသမီးတစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာနက ယနေ့ မေလ ၁ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့ရာ မြန်မာနိုင်ငံတွင်
အဆိုပါ အမျိုး သမီးအပါအဝင် COVID-19 ရောဂါပိုး
အတည်ပြုဖြစ်ပွားသူ ၁၅၁ ဦး ရှိလာပြီးဖြစ်ကြောင်း သိရသည်။
.
.
အဆိုပါ ရောဂါပိုး တွေ့ရှိသူသည် ရန်ကုန်တိုင်းဒေသကြီး၊
အင်းစိန်မြို့နယ်မှ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ၎င်းသည် ပြည်ပခရီးသွားရာဇဝင်မရှိသလို
COVID-19 အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင်မရှိကြောင်း
သိရသည်။
အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန
(ရန်ကုန်) မှ မေလ ၁ ရက်၊ နံနက်အစောပိုင်းအထိ ဓါတ်ခွဲနမူနာ ၂၀၈ ခုကို စစ်ဆေးခဲ့ရာ COVID-19
အတည်ပြုလူနာသစ် ၁ ဦး တွေ့ရှိပြီး ကျန်ဓါတ်ခွဲနမူနာများတွင်
ရောဂါပိုး မတွေ့ရှိရကြောင်း သိရသည်။
.
သို့ဖြစ်၍ မြန်မာနိုင်ငံတွင် ယနေ့ မေလ
၁ ရက်၊ နံနက် ၇ နာရီအထိ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၁၅၁ ဦး ရှိလာပြီဖြစ်ပြီး
ယင်းအနက် ၆ ဦး သေဆုံး၍ ၂၈ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကာ ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၇ ဦး ရှိကာ ၁ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း
သိရသည်။
.