ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ ပအိုဝ်းနှင့် ကယန်းတိုင်းရင်းသားများ နေထိုင်ရာ ဒေသများသို့ စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, May 26, 2020

ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ ပအိုဝ်းနှင့် ကယန်းတိုင်းရင်းသားများ နေထိုင်ရာ ဒေသများသို့ စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီ အဖွဲ့ဝင်များသည် ယနေ့ မေလ ၂၆ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်၊ နောင်တရားဒေသ၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲဒေသနှင့် ကျောက်တလုံးကြီးမြို့များရှိ ပအိုဝ်း၊ ​တောင်ရိုးနှင့် ကယန်းတိုင်းရင်းသား အခြေခံလူတန်းစား ပြည်သူများအား စားနပ်ရိက္ခာများ သွားရောက် ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။
.
.
ထိုသို့ ထောက်ပံ့ရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ကမ္ဘောဇဘဏ်နာယကကြီးနှင့် ကမ္ဘောဇဘဏ် အရာရှိများ၊ ဝန်ထမ်းများနှင့် ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီဝင်များမှ ဘုန်းတော်ကြီးကျောင်းများ၊ ဒေသခံပြည်သူများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့နောက် ပြည်နယ်ဝန်ကြီးများ၊ ကမ္ဘောဇဘဏ် နာယကကြီးနှင့် တာဝန်ရှိသူများသည် ကျောက်တလုံးကြီးမြို့ရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် နာယက ဦးအောင်ခမ်းထီအား သွားရောက်တွေ့ဆုံကာ အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
.
ထို့အပြင် ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသည် ဖယ်ခုံမြို့ရှိ ဖယ်ခုံအလှ စားသောက်ဆိုင်တွင် ရွှေဓမ္မရောင်ခြည် ပရဟိတအသင်း၊ တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအသင်း၊ ကယန်းစာပေနှင့် ယဉ်ကျေးမှုအသင်း တို့အား ငွေကျပ် သိန်း ၅၀ စီ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ၊ လက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ရာနယ်မြေနှင့် စစ်ရှောင် စခန်းများရှိ တိုင်းရင်းသား ပြည်သူများ၊ COVID-19 အတည်ပြုလူနာများ၊ စောင့်ကြည့်လူနာများအား စားနပ်ရိက္ခာနှင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးနေခြင်းဖြစ် ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About