ကျိုင်းတုံဆေးရုံမှ COVID-19 လူနာ အမှတ် (၁၁၂) ၌ ပိုးမတွေ့တော့သဖြင့် ဆေးရုံ Quarantine ဆက်ဝင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံဆေးရုံမှ COVID-19 လူနာ အမှတ် (၁၁၂) ၌ ပိုးမတွေ့တော့သဖြင့် ဆေးရုံ Quarantine ဆက်ဝင်

ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသော COVID-19 ပိုးတွေ့အတည်ပြု လူနာ အမှတ် (၁၁၂) ၏ ဓါတ်ခွဲနမူနာတွင် ၂ ကြိမ်ဆက် ရောဂါပိုး မတွေ့တော့သဖြင့် ဆေးရုံ၌ Hospital Quarantine ၁၄ ရက် ဆက်လက်ဝင်ရောက်နေလျက်ရှိကြောင်း သိရသည်။
.
 
.
“ဟုတ်ပါတယ်။ လူနာအမှတ် (၁၁၂) က ၂ ကြိမ်ဆက် ပိုးမတွေ့ရတော့ပါဘူး။ ဆေးရုံမှာ ၁၄ ရက် နေရပါဦးမယ်။ ကျန်တဲ့တစ်ယောက်ကလည်း နေကောင်းနေပါတယ်။ သူ့ရဲ့ဓါတ်ခွဲနမူနာကို ၂၄ ရက်မှာ ထပ်ပို့ပါမယ်” ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက် က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ အတည်ပြုလူနာအမှတ် (၁၁၂) သည် တာချီလိတ်မြို့မှ အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဧပြီလ ၂၁ ရက်မှ စတင်၍ ကျိုင်းတုံဆေးရုံ၌ ဆေးကုသမှု ခံယူနေသူဖြစ်သည်။
.
ရှမ်းပြည်နယ်တွင် ယနေ့ မေလ ၂၂ ရက်အထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၇ ဦး ရှိပြီး ၎င်းတို့အနက် ၆ ဦးမှာ ရောဂါမှ ပြန်လည်သက်သာလာပြီဖြစ်ကာ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူနေသော မိုင်းဖြတ်မြို့မှ လူနာ အမှတ် (၆၄) တစ်ဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။
.

Journal Download

Photo of three cats