COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လားရှိုးမြို့ရှိ စည်းလုံးရေးရုပ်တုအား Mask တပ်ဆင်ပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, May 12, 2020

COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လားရှိုးမြို့ရှိ စည်းလုံးရေးရုပ်တုအား Mask တပ်ဆင်ပေး


စုလှိုင်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုစေရန် စည်းလုံးရေးရုပ်တုအား Mask တပ်ဆင်ပေးထားကြောင်း သိရသည်။
.
Photo - လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာန
.
“ရည်ရွယ်ချက်ကတော့ စာဆိုရင် လူတွေက မဖတ်ကြဘူး။ ဒီလို အရုပ်မှာ တပ်လိုက်ခြင်းအားဖြင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တစ်ဘက်တစ်လမ်းကနေပြီးတော့ အထောက်အကူဖြစ်အောင်လို့ပါ” ဟု လားရှိုး မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်ဇင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အပြင် ပြည်သူများအနေဖြင့် စည်းလုံးရေးရုပ်တုအား နမူနာယူ၍ အပြင်ထွက်ပါက Mask တပ်ဆင်၍ ထွက်ကြရန် လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာနမှ တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။
.
အလားတူ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း မေလ ၁၂ ရက်က ပြုလုပ်ခဲ့သည့် အွန်လိုင်း ဆွေးနွေးမှု အစီအစဉ်တစ်ခုတွင် နှာခေါင်းစည်း (Mask) မတပ်သည့် ဈေးသည်များအား ဒဏ်ငွေရိုက်ရန် အကြံပြု ပြောဆိုခဲ့သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About