စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့မှ
ပထမ ဆုံး COVID 19 အတည်ပြု လူနာအမှတ် (၂၉) သည် ယနေ့ မေလ
၃ ရက်တွင် Hotal Quarantine ၇ ရက် ပြည့်၍ မနက်ဖြန် (မေလ ၄ ရက်)၌ Home Quarantine သို့ ပြောင်းရမည် ဖြစ်ကြောင်း သိရသည်။
.
.
" ဒီနေ့ case 29 က Hotal Quarantine ၇
ရက်ပြည့်သွားလို့ Home Quaratine ပြောင်းတော့မယ် ။ သူ့အိမ်မှာပဲပေါ့ ”
ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ နှင်းအိဖြူ မှ
ကမ္ဘောဇတိုင်းသို့ ပြောသည်။
တောင်ကြီးမြို့စဝ်စံထွန်းဆေးရုံတွင်
ဆေးကုသမှု ခံယူခဲ့သည့် COVID-19 ပိုးတွေ့လူနာ အမှတ် (၂၉) ၏ တတိယ အကြိမ်မြောက် ဓါတ်ခွဲအဖြေတွင် ပိုးမတွေ့ရှိသဖြင့် ဧပြီလ ၂၇ ရက်က ဆေးရုံမှ ဆင်းပြီး ဟိုတယ်
တစ်ခုတွင် Quarantine ၇ ရက် ဝင်ရောက်ခဲ့ပြီး ၇ ရက် ပြည်မြောက်သဖြင့် မေလ ၄ ရက်တွင် နေအိမ်၌ Home Quarantine ဆက်လက် ဝင်ရောက်မည် ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ လူနာအမှတ် (၂၉) သည်
တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်နေ အသက် ၂၆ နှစ်အရွယ် အမျိုးသား
ဖြစ်ပြီး ၎င်းသည် အင်္ဂလန်နိုင်ငံမှ မတ်လ ၂၇ ရက်တွင် ရန်ကုန်မြို့သို့
ရောက်ရှိခဲ့ပြီး မတ်လ ၂၈ ရက်တွင် ရန်ကုန်မြို့၊ ပုလဲမြို့သစ်ရှိ
သဲအင်းဂူတရားစခန်းတွင် Quarantine ၁၄ ရက် ဝင်ရောက်၍ ဓါတ်ခွဲနမူနာ ရယူစစ်ဆေးစဉ် COVID-19 ပိုး တွေ့ရှိရခြင်း ဖြစ်ကြောင်း ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
.