COVID-19 အတည်ပြုလူနာ အမှတ် ၁၂၁ သည် Facilities Quaratine ပြည့်၍ Home Quaratine ဆက်ဝင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 အတည်ပြုလူနာ အမှတ် ၁၂၁ သည် Facilities Quaratine ပြည့်၍ Home Quaratine ဆက်ဝင်


စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့မှ COVID-19 ပိုးတွေ့အတည်ပြုလူနာ အမှတ် (၁၂၁) သည် Facilties Quarantine ရက်ပြည့်၍ ယနေ့ မေလ ၂၃ ရက်မှ စတင်ကာ Home Quarantine ၇ ရက် ဆက်လက် ဝင်ရောက် ရမည်ဖြစ်ကြောင်း သိရသည်။
.
 
.
"၁၂၁ က Facilities Quaratine ဒီနေ့ မနက်ပြည့်သွားလို့ Home Quaratine ဆက်ဝင်နေတယ်။ အိမ်ပြန်သွားပြီ။ နောက်ထပ် ဓါတ်ခွဲနမူနာတွေ မနက်ဖြန် ပြင်ဆင်ပြီး ပို့ဖို့ရှိတယ်။ ပျမ်းမျှ ၁၃၀ ကျော် ပို့ဖို့ လုပ်ထားတယ်။ စောင့်ကြည့် မပါဘူး Facilities Quaratine ဝင်နေတဲ့ သူတွေပဲ” ဟု ရှမ်းပြည်နယ် ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာနှင်းအိဖြူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ COVID-19 အတည်ပြုလူနာ အမှတ် (၁၂၁) သည် အင်္ဂလန်နိုင်ငံမှ ရန်ကုန်မြို့သို့ မတ်လ ၂၂ ရက်တွင် လေကြောင်း ခရီးဖြင့် ရောက်ရှိလာသူဖြစ်ပြီး ရန်ကုန်မြို့၌ Hotel Quarantine ၁၄ ရက် ဝင်ရောက်ပြီးနောက် ဧပြီလ ၅ ရက်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ တောင်ကြီးမြို့၊ မြို့မရပ်ကွက်ရှိ နေအိမ်သို့ ဟဲဟိုးလေဆိပ်မှတစ်ဆင့် ပြန်လည် ရောက်ရှိခဲ့ခြင်းဖြစ်ကာ ဧပြီလ ၁၉ ရက်တွင် ၎င်း၏ ဓါတ်ခွဲနမူနာအား ပို့ဆောင်စစ်ဆေးရာ ဧပြီလ ၂၁ ရက်၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ COVID-19 ပိုးတွေ့လူနာအဖြစ် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တွင် ယနေ့ မေလ ၂၃ရက်အထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၇ ဦး ရှိပြီး ၎င်းတို့အနက် ၆ ဦးမှာ ရောဂါမှ ပြန်လည်သက်သာလာပြီဖြစ်ကာ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူနေသော မိုင်းဖြတ်မြို့မှ လူနာ အမှတ် (၆၄) တစ်ဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။
.

Journal Download

Photo of three cats