နန်းဝင်းရီ
.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းရှိ ပြောင်းစိုက်တောင်သူများအနေဖြင့် ပြောင်းဈေးကွက်၌ ဈေးနှုန်း အနိမ့်သာ ရရှိသော်လည်း မျိုးစေ့ ဝယ်ယူရာတွင်ဈေးနှုန်း မြင့်တက်လာနေမှုကြောင့် အခက်အခဲဖြစ်ပေါ်နေရကြောင်း သိရသည်။
.
.
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ပြောင်းစိုက်ရာသီတွင် ပြောင်းဖူးမျိုးစေ့ တစ်အိတ်လျှင် ကျပ် ၃ သောင်းခွဲခန့်ဖြင့် ဝယ်ယူခဲ့ရ သော်လည်း ယခုနှစ် ပြောင်းစိုက်ရာသီတွင် ကျပ် ၄ သောင်းခွဲဖြင့် ဝယ်ယူနေရခြင်းဖြစ်ကြောင်း သိရသည်။
.
"ပြောင်းစိုက်တာက ပိုးတွေစားတဲ့အပြင် ဆေးတွေ၊ မြေသြဇာတွေ ထည့်ရသေးတယ်။ အထွက်နှုန်းလည်း မကောင်း ဘူး။ ရောင်းတဲ့အချိန်ဆို တစ်ပိဿာကို ၂၉၀ ပဲရောင်းရပြီးတော့ မျိုးစေ့ဝယ်တဲ့အချိန်ဆို တစ်ပိဿာကို ၅၀၀ ကျော် တယ်။ တောင်သူတွေက တစ်နှစ်တစ်နှစ် အကြွေးပဲ ကျန်တယ်။ မျိုးစေ့က စျေးတက်တော့ သိပ်အဆင်မပြေဘူး" ဟု ဟိုပုံးမြို့နယ်နေ ပြောင်းစိုက်တောင်သူ ဒေါ်မနီက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ရပ်စောက်မြို့မှ ပြောင်းစိုက်တောင်သူ ဒေါ်တင်ရှိန်ကလည်း "မနှစ်တုန်းက မကောင်းဘူး။ ပိုးတွေကျတာနဲ့ စျေးတွေက မရှိတော့ ရှုံးတယ်။ ဒီရောဂါတွေနဲ့ဆိုတော့ စျေးနှုန်းကလည်း ဘယ်လိုဖြစ်မလဲ သိဘူး။ ကိုက်ညီတဲ့ စျေးနှုန်းလေးတွေ ဖြစ်စေချင်တယ်။ အန်တီတို့ဆို ပင်ပင်ပန်းပန်း လုပ်ရတယ်လေ။ ပြောင်းကုန်လို့ ရောင်းတဲ့လူ နည်းပြီဆိုရင် စျေးတက်တယ်၊ ပြောင်းထွက်ချိန်ဆိုရင် စျေးကျတယ်။" ဟု ပြောဆိုခဲ့သည်။
.
တောင်သူများ အနေဖြင့် ပြောင်းစိုက်ပျိုးရာတွင် အပင်ဖြစ်ထွန်းအောင်မြင်ရန်အတွက် အဆင့်ဆင့် ပြုလုပ်ရသည့် အတွက် ပြန်လည်ရောင်းချရာတွင် သင့်တင့်သည့် ဈေးနှုန်း ရရှိလိုကြခြင်းဖြစ်ကြောင်း သိရသည်။
.

Home
ရပ်စောက်
ရှမ်းတောင်သတင်းများ
ပြောင်းမျိုးစေ့ ဈေးနှုန်းမြင့်တက်လာနေမှုကြောင့် ပြောင်းစိုက်တောင်သူများ အခက်အခဲ ဖြစ်ပေါ်နေ
ပြောင်းမျိုးစေ့ ဈေးနှုန်းမြင့်တက်လာနေမှုကြောင့် ပြောင်းစိုက်တောင်သူများ အခက်အခဲ ဖြစ်ပေါ်နေ
Tags
# ရပ်စောက်
# ရှမ်းတောင်သတင်းများ
Share This
About Unknown
ရှမ်းတောင်သတင်းများ
Tags
ရပ်စောက်,
ရှမ်းတောင်သတင်းများ