ရန်ကုန်တိုင်း၊ အင်းစိန်တွင် COVID-19 လူနာ တစ်ဦး တွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရန်ကုန်တိုင်း၊ အင်းစိန်တွင် COVID-19 လူနာ တစ်ဦး တွေ့


ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် တစ်ဦး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (မေလ ၈ ရက်) ည ၁၀ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
အဆိုပါ အတည်ပြုလူနာအမှတ်(၁၇၇)မှာ အင်းစိန်မြို့နယ်မှ အသက် ၈၄ နှစ်အရွယ် အမျိုးသမီး ဖြစ်ပြီး ယခင်အတည်ပြုလူနာ အမှတ် (၁၅၁)၊ (၁၅၂)၊ (၁၅၃)၊ (၁၅၄)၊ (၁၆၂)တို့နှင့် ထိတွေ့မှု ရှိ၍ လတ်တလောတွင် အသွားအလာ ကန့်သတ်ထားသူ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (မေလ ၈ ရက်)၊ ည ၁၀ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၇၇ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၆၇ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၇ ဦး ရှိကာ ၃ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats