နေပြည်တော်နှင့် ရန်ကုန်တွင် COVID-19 ပိုးတွေ့လူနာ အသစ် ၆ ဦး ထပ်မံ တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နေပြည်တော်နှင့် ရန်ကုန်တွင် COVID-19 ပိုးတွေ့လူနာ အသစ် ၆ ဦး ထပ်မံ တွေ့ရှိ


နေပြည်တော်ကောင်စီ နယ်မြေနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၆ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ (မေလ ၄ ရက်) ည ၈ နာရီတွင် ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့လူနာ ၁၆၁ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အတည်ပြုလူနာများမှာ နေပြည်တော် ကောင်စီနယ်မြေမှ အသက် ၃၃ နှစ်အရွယ် တပ်မတော်သား ၁ ဦးနှင့် ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြောက်ဒဂုံမြို့နယ်၊ မရမ်းကုန်းမြို့နယ်တို့မှ ဖြစ်ပြီး အရပ်သား လူနာများကို တောင်ဥက္ကလာပ ဆေးရုံတွင် လည်းကောင်း၊ တပ်မတော်သား လူနာကို နေပြည်တော်ရှိ အမှတ်(၂) တပ်မတော် ဆေးရုံတွင် လည်းကောင်း အသီးသီး ထားရှိ၍ ဆေးကုသမှု ပေးမည် ဖြစ်ကြောင်း သိရသည်။
.
အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)နှင့် ဆေးသုတေသနဦးစီးဌာနမှ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၇၁ ခုအနက် ၆ ဦးတွင် COVID-19 ပိုး တွေ့ရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (မေလ ၄ ရက်)၊ ည ၈ နာရီထိ COVID-19 အတည်ပြုလူနာ ၁၆၁ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၄၉ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၇ ဦး ရှိကာ ၂ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။
.
#KBZTai  #COVID19  #News

Journal Download

Photo of three cats