စိုင်းရာဇာ
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင်
ယနေ့ မေလ ၃ ရက်အထိ ညမထွက်ရအမိန့်အား ဖောက်ဖျက်သဖြင့် အရေးယူထားသူ ၃၀ ဦးခန့် ရှိနေကြောင်း
သိရသည်။
.
.
“ညမထွက်ရအမိန့်
ထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာ အရေးယူဆောင်ရွက်ထားတာကတော့ လက်ရှိမှာ ၃၀ လောက် ရှိပါတယ်။
ပြီးပြတ်သွားတဲ့ ကိစ္စရပ်တွေကိုတော့ ထောင်ဒဏ် ၃ လ အမိန့်ချပြီးသားပါ။
ကျန်တဲ့စိစစ်ဆဲ အမှုတွေတော့ ရှိပါသေးတယ်” ဟု တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က
ကမ္ဘောဇတိုင်းသို့ ပြောသည်။
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင်
ဧပြီလ ၂၃ ရက်၊ ညပိုင်းက ညမထွက်ရ အမိန့်အား ဆန့်ကျင်၍ အပြင်ထွက်လာသူ အမျိုးသား ၂
ဦးအနက် တစ်ဦးကို ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ကြောင်း သိရသည်။
.
“အသက်မပြည့်တဲ့ သူတွေဆိုရင်တော့
တရားရုံးက ခံဝန်ချက်နဲ့ မိဘတွေဆီ ပြန်လည်အပ်နှံတာတွေ ရှိပါတယ်။ ည ထွက်ရင်
ထွက်တဲ့အတိုင်း ဆောင်ရွက်နေပါတယ်။ တောင်ကြီးမှာရှိတဲ့ ရဲအင်အားနဲ့ အုပ်ချုပ်ရေး
အဖွဲ့အစည်းရဲ့ ပေါင်းစပ်ဆောင်ရွက်နိုင်မှုအားက မြို့မှာရှိတဲ့ လူအင်အားနဲ့
နှိုင်းယှဉ်ရင် အများကြီး ကွာဟမှု ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ အတတ်နိုင်ဆုံး
လုပ်ဆောင်နေပါတယ်” ဟု ဦးဖြိုးမင်းထိုက်က ဆက်လက်ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့
အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များ အားလုံးတွင် ညမထွက်ရ အမိန့် ကို မူလက
၁ လ ထုတ်ပြန်ထားရမှာ ယခုအခါ မူလအမိန့်ကို ပယ်ဖျက်၍ ၂ လ အထိ
တိုးမြှင့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
.