မူဆယ်မြို့အဝင် တိုးလ်ဂိတ်တွင် ဗုံး ပေါက်ကွဲ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မူဆယ်မြို့အဝင် တိုးလ်ဂိတ်တွင် ဗုံး ပေါက်ကွဲ


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့အဝင်ရှိ တိုးလ်ဂိတ်တွင် မေလ ၁၁ ရက်၊ ည ၈ နာရီခွဲခန့်က ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း မူဆယ်အခြေစိုက် ဂရုဏာနာရေးကူညီမှုအသင်းမှ ဦးသောင်းထွန်းထံက သိရသည်။
.

“ လူ ၂ ယောက် ဆိုင်ကယ်နဲ့ လာပြီး ဆိုင်ကယ် လမ်းဘက်မှာ အထုပ် တစ်ထုပ် ချသွားတာ မြင်လို့ အစောင့်က တွေ့ပြီး အကြောင်းကြားနေတုန်းမှာ ပေါက်ကွဲတယ်လို့ သိရတယ်။ တိုးလ်ဂိတ်မှာက ကားလမ်းနဲ့ ဆိုင်ကယ်လမ်း ၂ ခု ရှိတာ  ဆိုင်ကယ်လမ်းဘက်မှာ လာ ထားသွားတာက ပေါက်တာပါ။ ဗုံးက တစ်လုံးတည်းလို့ ပြောတယ်။ လူ အထိအခိုက်မရှိဘူးလို့ ပြောတယ်။ အနားမှာ နမ့်ခမ်းပြည်သူ့စစ်လည်း ရှိတယ်။ ကောင်လေး တစ်ယောက်တော့ မှန်စ နည်းနည်း ထိပေမယ့် သွေး မထွက်ပါဘူး။ ပေါက်ကွဲမှုကတော့ ပြင်းတယ် ငွေကောက်တဲ့အခန်းရော၊ အပေါ် အမိုးတွေရော ပျက်စီးကုန်တာ တွေ့ရတယ်။ အခု တာဝန်ရှိသူတွေ လာရောက် စစ်ဆေး ရှင်းလင်းနေပါပြီ။” ဟု ယင်းပေါက်ကွဲမှုနေရာသို့ ရောက်ရှိခဲ့သည့် ဦးသောင်းထွန်းက ပြောသည်။
.

ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်၊ ည ၁၀ နာရီခန့်ကလည်း မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ ပြည်ထောင်စု လမ်းမကြီးဘေးရှိ  အကောက်ခွန်ရုံးနှင့် မျက်နှာချင်းဆိုင် MPT ဆင်းကတ် အရောင်းဆိုင်နှင့် စာတိုက်ကြားတွင် လက်လုပ်ဗုံး ၂ လုံး ပေါက်ကွဲခဲ့သဖြင့် မော်တော်ယာဉ် ၂ စီး နှင့် MPT ဆင်းကတ် အရောင်းဆိုင်တို့ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

Journal Download

Photo of three cats