ကျိုင်းတုံလေဆိပ်တွင် မြန်မာ့လေကြောင်းလိုင်းမှ လေယာဉ် စက်ချို့ယွင်းမှုကြောင့် ရပ်နားထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံလေဆိပ်တွင် မြန်မာ့လေကြောင်းလိုင်းမှ လေယာဉ် စက်ချို့ယွင်းမှုကြောင့် ရပ်နားထား

ထက်တိုင်းကျော်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံလေဆိပ်မှ ဟဲဟိုး၊ ရန်ကုန်သို့ ပျံသန်းမည့် မြန်မာလေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်တစ်စီးသည် ယနေ့ မေလ ၆ ရက်က အင်ဂျင်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ကျိုင်းတုံလေဆိပ်တွင် ခေတ္တရပ်နား ထားကြောင်း သိရသည်။

.


.

ရန်ကုန်-ဟဲဟိုး-ကျိုင်းတုံ ခရီးစဉ်အတိုင်း မေလ ၆ ရက် နံနက်ပိုင်းက ပျံသန်းရောက်ရှိလာသော မြန်မာ့လေကြောင်းလိုင်းပိုင် လေယာဉ်အမှတ် XY AGB သည် ကျိုင်းတုံလေဆိပ်မှ ပြန်လည်ထွက်ခွာစဉ် ပြေးလမ်း ပေါ်မှ မတက်နိုင်သဖြင့် လေယာဉ်ရပ်နားသည့် နေရာတွင် ရပ်နားထားခြင်းဖြစ်ကြောင်း သိရသည်။

.

“လေယာဉ် စက်ချို့ယွင်းတာပါ။ တခြားထိခိုက်တာ မရှိပါဘူး။ ရန်ကုန်က အင်ဂျင်နီယာတွေနဲ့အတူ လေယာဉ် တစ်စီး ရောက်လာမှာဖြစ်ပါတယ်” ဟု ကျိုင်းတုံလေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ကျိုင်းတုံလေဆိပ်မှ ဟဲဟိုး၊ ရန်ကုန်သို့ ပြန်တက်မည့် ယင်းလေယာဉ်ခရီးစဉ်တွင် ဟဲဟိုးသို့ လိုက်ပါမည့် ခရီးသည် အမျိုးသမီး ၂ ဦး၊ ရန်ကုန်သို့ လိုက်ပါမည့် ခရီးသည် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၆ ဦးတို့ လိုက်ပါစီးနင်းမည်ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats