ကုမ္ပဏီများမှ ချေးငွေရယူထားသူများအနေဖြင့် ပြန်လည်ပေးသွင်းရန် အခက်အခဲ ဖြစ်ပေါ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, May 24, 2020

ကုမ္ပဏီများမှ ချေးငွေရယူထားသူများအနေဖြင့် ပြန်လည်ပေးသွင်းရန် အခက်အခဲ ဖြစ်ပေါ်နေ


ဗျတ္တ
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ပေါ်ရှိ အခြေခံလူတန်းစားများ အနေဖြင့် အသေးစားငွေရေးကြေးရေး ကုမ္ပဏီ များမှ ချေးငွေရယူထားမှုအပေါ် ပြန်လည်ပေးဆပ်ရန် အခက်အခဲများ ဖြစ်ပေါ်နေလျက်ရှိသည်ဟု သိရသည်။
.
 
.
ကိုရိုနာဗိုင်းရပ်စ် Covid-19 ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း အလုပ်အကိုင်များ ရပ်နားထားရသည့်အတွက် အစုအဖွဲ့ဖြင့် ကုမ္ပဏီချေးငွေ ရယူထားသည့် ခေါင်းရွက်ဗျက်ထိုးစျေးသည်များ၊ တစ်ဦးတစ်ယောက်ချင်း ရယူထားသည့် အသေးစားလုပ်ငန်းရှင်များ အနေဖြင့် လတ်တလောတွင် ချေးငွေများပြန်လည် ပေးသွင်းနိုင်ရန် မဖြစ်နိုင်သည့်အတွက် ပြန်လည် မကောက်ခံစေလိုကြောင်း ချေးငွေရယူထားသူတစ်ဦးက ပြော သည်။
.
“ရောဂါဖြစ်ပွားမှု အခြေအနေပေါ်ကြည့်ပြီး ကျွန်တော်တို့ အလုပ်တွေ ပြန်စဖို့လုပ်နေရတာပါ။ ကြားထဲမှာ အလုပ်တွေ ရပ်ထားရတော့ ဝင်ငွေကမရှိတော့ဘူး။ ချက်ချင်းကြီးချေးငွေပြန်သွင်းရမယ်ဆိုရင် ကျွန်တော်တို့ အတွက် အခက်အခဲ တွေအများကြီး ဖြစ်လာနိုင်ပါတယ်။ အခြေအနေကိုကြည့်ပြီး လုပ်ငန်းတွေပြန်လည်ပတ် တဲ့အချိန်ထိ တစ်လ နှစ်လ လောက်စောင့်ပေးစေချင်ပါတယ် ” ဟု ကုမ္ပဏီ ချေးငွေရယူထားသူတစ်ဦးက ကမ္ဘောဇတိုင်းသို့ပြောသည်။
.
ချေးငွေရယူထားသူများ အနေဖြင့် အလုပ်အကိုင်များ ပုံမှန်အတိုင်းပြန်လည် ရောက်ရှိမှသာ ငွေကြေးလည်ပတ် စီးဆင်းနိုင်မှာဖြစ်ပြီး ယခုအချိန်ကာလတွင် ပုံမှန်ဝင်ငွေ ရရှိရန် အခက်အခဲများဖြစ်ပေါ်နေပြီး မိသားစု စားဝတ် နေရေး အတွက်ပင် ခက်ခက်ခဲခဲ လုံးပန်းနေရကြောင်းသိရသည်။
.
Microfinace (ခေါ်) အသေးစား ငွေရေးကြေးရေး ကုမ္ပဏီများအနေဖြင့် ချေးငွေရယူထားသည့် ပြည်သူများ၊ အသင်းအဖွဲ့ဝင်များ၏ အခက်အခဲကို နားလည်မှုပေး၍ ချေးငွေကောက်ခံခြင်းများအား တတ်နိုင်သမျှ ဖြေလျော့ မှုပေးရန် လိုလားကြောင်း ချေးငွေရယူထားသူများထံမှသိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About