တီကျစ် ကျောက်မီးသွေးသတ္တုတွင်းကုမ္ပဏီမှ ဒေသခံစိုက်ခင်းပိုင်ရှင်များအား သီးနှံထပ်မံစိုက်ပျိုးခြင်းမပြုရန် သတိပေး - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Saturday, May 23, 2020

တီကျစ် ကျောက်မီးသွေးသတ္တုတွင်းကုမ္ပဏီမှ ဒေသခံစိုက်ခင်းပိုင်ရှင်များအား သီးနှံထပ်မံစိုက်ပျိုးခြင်းမပြုရန် သတိပေး


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ဒေသရှိ စိုက်ခင်းပိုင်ရှင် များအား သီးနှံထပ်မံစိုက်ပျိုးခြင်းမပြုရန် သတ္တုတွင်းကုမ္ပဏီမှ ဒေသခံ ကျေးရွာသားများအား သတိပေး အကြောင်း ကြားထားသည်ဟု သိရသည်။
.
 
.
ကျောက်မီးသွေးသတ္တုတွင်း ကုမ္ပဏီအနေဖြင့် ယင်းကဲ့သို့ အကြောင်းကြားမှုမျိုးကို ကျေးရွာအုပ်ချုပ်ရေးမှူးမှ တစ်ဆင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင်လည်းကောင်း၊ ၂၀၂ဝပြည့်နှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်တွင်လည်းကောင်း ကြိုတင် ညှိနှိုင်းအကြောင်းကြားထားပြီးဖြစ်ကြောင်းသိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ အမည်မဖော်လိုသူ မြေသိမ်းခံတောင်သူတစ်ဦးက “ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ရယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ နောက်တစ်ယောက်ရယ်၊ ကုမ္ပဏီကိုယ်စားလှယ်တော့ မပါဘူး။ ဒီနေ့ အလွတ် သဘောတွေ့ဆုံတာမှာ အသံမဖမ်းရ၊ မှတ်တမ်းမတင် ရ၊ ဓာတ်ပုံမရိုက်ရ၊ ဖေ့ဘုတ်မတင်ရ၊ ဆိုပြီး ပြောတယ်။ တစ်ဧကကို ကျပ်သိန်း ၅၀ နဲ့သဘောတူရင် ကုမ္ပဏီကိုပြောပေးမယ်။ သူတို့ တတ် နိုင် သလောက်လုပ်ပေးမယ်။ သဘောမတူရင်တော့ ကိုယ့်သဘောအတိုင်းသာလုပ်ဆိုတော့ တက်လာတဲ့ တောင်သူ ၃ဝကျော်က တစ်ယောက်မှ သဘောမတူခဲ့ဘူး။ ကုမ္ပဏီကတော့ သဘောတူတူ မတူတူ သိမ်းမှာပဲလို့ သိရတယ်။ ပုံစံ ၇ ကရှိသူလည်းရှိတယ် မရှိသူလည်းရှိတယ်” ဟု ပြောသည်။
.
ယင်းတွေ့ဆုံမှုကို တီကျစ်ကျေးရွာအုပ်စု၊ မြကန်သာကျေးရွာနေ တောင်သူ ဦးကုတ်၏ နေအိမ်တွင် မေလ ၂၃ ရက်၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“မြေသိမ်းယာသိမ်းဆိုတာ နိုင်ငံတော်သမ္မတက တာဝန်ပေးသူကသာ သိမ်းတယ်ဆိုပြီး အမိန့်ထုတ်နိုင်တာ အခုက စီးပွားရေးကုမ္ပဏီတစ်ခုက ခုလို စာထုတ်တယ်ဆိုတာ သူတို့က ဥပဒေအထက်မှာရောက်နေပြီလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာတယ်” ဟု တီကျစ်ရှိ မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်း(MATA) မှ ကိုစိုင်းထူးက ပြောသည်။
.
အဆိုပါ ကျောက်မီးသွေးတူးဖော်မှုကြောင့် ပတ်ဝန်းကျင်သဘာဝပတ်ဝန်းကျင် ညစ်ညမ်းကာ ပျက်စီးထိခိုက်မှုများရှိနေ သဖြင့် ဒေသခံအချို့၏တောင်းဆိုချက်အရ EIA ဆန်းစစ်ချက်များပြုလုပ်လျက်ရှိပြီး ရေကြော၊ ရေထွက်များ ပျက်စီးခြင်း၊  မြေစာပုံများနှင့်ထွက်ရှိပြာများကြောင့် လေထု၊ ရေထု ၊ မြေထု ညစ်ညမ်းမှုများဖြစ်စေခြင်း၊ တို့ကြောင့် လူထုဆန္ဒပြပွဲ များ နှင့်အတူ ကျောက်မီးသွေးတူးဖော်မှုနှင့်လျှပ်စစ်ဓာတ်အားပေးစက်ရုံအား အဆိုပါ MATAအဖွဲ့မှ ပြင်းထန်စွာကန့်ကွက် လျက်ရှိကြောင်း သိရသည်။
.
ယင်းကျောက်မီးသွေးတွင်းထွက်တူးဖော်ရေးကုမ္ပဏီသည် ဧဒင်ကုမ္ပဏီပိုင်ဖြစ်ပြီး တီကျစ်ရှိ အပေါ်ယံမြေကြော တိုင်းထွာမှု အရ ကျောက်မီးသွေးတန်ချိန် သန်း ၂၂ ဒသမ ၂၀ တန်ချိန်ကို တူးဖော်ရန် ခွင့်ပြုမိန့် ရထားသည်ဖြစ်ရာ ယခုစိုက်ပျိုးမြေများသာမက နောက်ထပ် မြေယာများကိုလည်း ထပ်မံရယူနိုင်ချေရှိနေသည်ဟု ဒေသခံများထံက သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats