ရလလဖ၊ တပ်ရင်း(၄)မှ ဗိုလ်မှူး မောင်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, May 25, 2020

ရလလဖ၊ တပ်ရင်း(၄)မှ ဗိုလ်မှူး မောင်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း



.
ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)အဖွဲ့ဟာ အရင်တုန်း ဆီဆိုင်မြို့နယ်မှာ အခိုင်အမာ တပ်စွဲ နေထိုင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်တုန်းကတော့ နိုင်ငံတော်အစိုးရဆီမှာ လက်နက်အပြီးပိုင် အပ်နှံခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ၂၀၂၀ နှစ်ဆန်းပိုင်းလောက်မှာတော့  ရပ်စောက်မြို့နယ်မှာ အင်အား ၅၀ လောက်နဲ့ စခန်းတစ်ခု တည်ထောင်ပြီး မူးယစ်ဆေးဖြတ်ပေးတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်လာတာကို တွေ့မြင်လာရပါတယ်။ ရလလဖ အဖွဲ့ဟာ ဆီဆိုင်မြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ညောင်ရွှေမြို့နယ်နဲ့ ရပ်စောက်မြို့နယ်တို့မှာ အင်အား ၃၀၀ လောက်နဲ့ ဖြန့်ခွဲ အခြေပြုနေတယ်လို့လည်း သိရပါတယ်။ ရပ်စောက်မြို့နယ်မှာတော့ တပ်ရင်း(၄) တပ်ရင်းမှူး ဗိုလ်မှူး မောင်ဦးက ဦးဆောင်ပြီး အခြေပြုနေတယ်လို့ သိရတာကြောင့် သွားရောက် တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

No comments:

Post a Comment

Journal Download

Photo of three cats

About