ရွာငံမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၂၇၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများကို ပိုင်ရှင်မဲ့ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွာငံမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၂၇၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများကို ပိုင်ရှင်မဲ့ ဖမ်းမိ


ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် မေလ ၂၂ ရက် ညနေပိုင်း၌ ရဲတပ်ဖွဲ့က ငွေကျပ်သိန်းပေါင်း ၂၇၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ပိုင်ရှင်မဲ့အဖြစ် ဖမ်းမိခဲ့ကြောင်း သိရသည်။
.

မူးယစ်တပ်ဖွဲ့စု(၂၅) တောင်ကြီးမှ ရဲတပ်ဖွဲ့ဝင်များ၊ ရွာငံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ ရွာငံမြို့နယ်၊ တပ်ကုန်းကျေးရွာအနီး အောင်ပန်း-ရွာငံ သွား ကားလမ်းမပေါ်တွင် ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေစဉ် VIGO အမျိုးအစား အဖြူရောင် မော်တော်ယာဉ်မှာ အရှိန်ပြင်းစွာ မောင်းနှင်ထွက်ပြေးသဖြင့် ပိတ်ဆို့ရှာဖွေရာ မော်တော်ယာဉ်နှင့်အတူ ယာဉ်ပေါ်၌ ငွေကျပ်သိန်းပေါင်း ၂၇၂၈၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို တွေ့ရှိခဲ့ရသော်လည်း မော်တော်ယာဉ် မောင်းနှင်သူမှာ ထွက်ပြေး လွတ်မြောက်သွားခြင်း ဖြစ်ကြောင်း သိရသည်။
.
“ တရားခံကို ဖမ်းမိနိုင်ဖို့ စုံစမ်း ဆောင်ရွက်နေတုန်းပါပဲ၊ အခုတော့ ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။” ဟု ရွာငံမြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများအား လက်ဝယ်ထားရှိ၍ သယ်ဆောင်သူ (စုံစမ်းဆဲ)ကို ရွာငံမြို့မရဲစခန်းမှ မယ(ပ) ၁၃/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် ထားပြီး တရားခံအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats