ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီမှ တောင်ကြီးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ရပ်ကွက်များသို့ စားနပ်ရိက္ခာများ လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီမှ တောင်ကြီးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ရပ်ကွက်များသို့ စားနပ်ရိက္ခာများ လှူဒါန်း


နန်းဝင်းရီ
.
ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီမှ ယနေ့ မေလ ၂၃ ရက်၊ နံနက်ပိုင်းတွင် တောင်ကြီးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ၊ ရဟန်းသံဃာတော်များနှင့် ရပ်ကွက်အတွင်းရှိ ပြည်သူလူထု များအား စားနပ်ရိက္ခာများနှင့် ပျိုးပင်များ ဖြန့်ဝေပေးခဲ့သည်ဟု သိရသည်။
.
 
.
ထိုသို့ ထောက်ပံ့ရာတွင် မိသားစုဝင် ၄ ဦးနှင့် အောက်ရှိ အိမ်ထောင်စု တစ်စုလျှင် ခွဲတမ်း ၁ ခုနှုန်းဖြင့် ဆန် ၃ ပြည်၊ ဆီ ၁၈ ကျပ်သား၊ ဆား ၂၅ ကျပ်သား၊ ကုလားပဲ ၅၀ ကျပ်သား၊ ကော်ဖီ တစ်ထုပ်စီနှင့် မိသားစုဝင် ၅ ဦးနှင့် အထက်ရှိ အိမ်ထောင်စု တစ်စုလျှင် ခွဲတမ်း ၂ ခု နှုန်းဖြင့် ဖြန့်ဝေပေးနေခြင်းဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့ပေါ်ရှိ စဝ်စံထွန်းရပ်ကွက်နှင့် ညောင်ဖြူစခန်းရပ်ကွက်ရှိ အိမ်ထောင်စုပေါင်း ၁၁၂၇ စုတို့အား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲတို့ဖြစ်သည့် စားနပ်ရိက္ခာထုပ်ပေါင်း ၁၄၅၃ ထုပ်တို့နှင့် မိသားစုတစ်ပိုင်တနိုင် စိုက်ခင်းများ ထူထောင်နိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနမှ ဖြန့်ဝေသည့် သီးနှံသီးပင် ပျိုးပင်များ၊ မျိုးစေ့များနှင့် တောင်ကြီးမြို့ပေါ်ရှိ သံဃာ့ဆရာတော်ကြီး၊ သံဃာ့ဝန်ဆောင် ဆရာတော်ကြီး ၆ ပါး၊ သီတင်းသုံးနေသည့် ကျောင်းတိုက် ၆ တိုက်၊ ရဟန်းသံဃာများအတွက် ဆန် ၅၀ အိတ်၊ ဆီ ၁၅၀ ပိဿာနှင့် အာလူး ၈ အိတ်၊ ကုလားပဲ ၅ အိတ်တို့အား အသီးသီး ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသည် ကမ္ဘောဇဘဏ်၏ မတည်လှူဒါန်းငွေ သိန်း ၅၀၀၀ ကျော်အား အများပြည်သူ လှူဒါန်းငွေများဖြင့် ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသည့် အခြေခံ တိုင်းရင်းသား ပေါင်းစုံများ၊ စစ်ဘေးရှောင်စခန်းများ၊ သာသနာရေးဆိုင်ရာ ဘုန်းတော်ကြီးကျောင်းများနှင့် ပရဟိတကျောင်းများသို့ စားနပ်ရိက္ခာများ ဆက်လက် ဖြန့်ဝေလှူဒါန်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
.
COVID-19 ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်တော်ပြန်များ ရောက်ရှိနေသည့် တိုက်နယ်ဆေးရုံ၊ ကျေးရွာကျန်းမာရေးစခန်းများ၊ ရောဂါကာကွယ်ရေး စောင့်ကြည့်စနစ်များသို့ နေရာအရောက် စဉ်ဆက်မပြတ် သွားရောက်  ပေးပို့လှူဒါန်းလျက် ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats