မြန်မာ့အလှ ဓါတ်ပုံပြိုင်ပွဲတွင် ကျိုင်းတုံမြို့မှ တိုင်းရင်းသူတစ်ဦး Best Cute Award ဆု ရရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြန်မာ့အလှ ဓါတ်ပုံပြိုင်ပွဲတွင် ကျိုင်းတုံမြို့မှ တိုင်းရင်းသူတစ်ဦး Best Cute Award ဆု ရရှိ


ထက်တိုင်းကျော်
.
မြန်မာ့အလှ ဓါတ်ပုံပြိုင်ပွဲ အမှတ်စဉ် (၁၀) တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ကျိုင်းတုံမြို့ရှိ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းမှ အလယ်တန်းပြ ဆရာမတစ်ဦးဖြစ်သည့် ရှမ်းအင်းသားတိုင်းရင်းသူ ဒေါ်ခင်မျိုးထွေးက ချစ်စရာ အကောင်းဆုံးဆု “Best Cute Award” ဆုကို ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။
.
.
အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ အမျိုးသမီး အလှရှင် ၁၀၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ရုပ်ရည် ချောမောမှု၊ သဘာဝလှပမှု၊ စည်းကမ်းလိုက်နာမှု၊ ဒိုင်အမှတ်ပေးမှုနှင့် ပရိသတ်များ၏ မဲရရှိမှုအပေါ်တွင် မူတည်၍ ရွေးချယ်ဆုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“Final ဆန်ကာတင် ၂၀ ထဲမှာပါတော့ စိတ်လှုပ်ရှားမိတယ်။ ဆုရွေးချယ်ရေးအဖွဲ့က မေလ ၁၇ ရက် ညနေမှာ ကြေညာ လိုက်တော့ တအားပျော်ပါတယ်။ ကျွန်မကို အားပေးကြတဲ့ မိတ်ဆွေတွေကိုရော၊ အကဲဖြတ်အမှတ်ပေးတဲ့ ဒိုင်တွေကို ရော ကျေးဇူးအများကြီးတင်ပါတယ်” မြန်မာ့အလှ ဓါတ်ပုံပြိုင်ပွဲတွင် Best Cute Award ဆု ရရှိခဲ့သူ ဆရာမ ဒေါ်ခင်မျိုးထွေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မြန်မာ့အလှ ဓါတ်ပုံပြိုင်ပွဲသည် Online မှ ဝင်ရောက်ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲဖြစ်ပြီး ပြိုင်ပွဲဝင်များ အနေဖြင့် မိမိဒေသ၏ သဘာဝရှုခင်းအလှနှင့် ရုပ်ရည်ချောမော လှပမှုများကို ဖော်ထုတ်ပြသခွင့်ရှရိသည့် ပြိုင်ပွဲ တစ်ခုဖြစ်ကြောင်း သိရသည်။
.
ပြိုင်ပွဲတွင် မြန်မာ့အလှဆုံး Winner ဆုကို ပြိုင်ပွဲဝင် နှင်းဝေဝေကျော်က ရရှိခဲ့ပြီး မြန်မာ့အလှ Winner ဆုကို ပြိုင်ပွဲဝင် ခိုင်နန္ဒာကျော်၊ မြန်မာ့ယဉ်ကျေးမှု Winner ဆုကို ပြိုင်ပွဲဝင် ဝင့်ဝါသူ၊ မြန်မာ့သဘာဝ Winner ဆုကို ပြိုင်ပွဲဝင် နန်းစန္ဒာလင်းတို့က ရရှိခဲ့ပြီး မြန်မာ့အလှ ဒုတိယဆု၊ မြန်မာ့ယဉ်ကျေးမှု ဒုတိယဆု၊ မြန်မာ့သဘာဝ ဒုတိယဆု၊ Actor Award၊ Photogenic Award၊ Beautiful Award၊ Best Style Award၊ Best Cute Award၊ Model Girl Award၊ Best Smile Award၊ Popular Award စသည့် ဆုများကိုလည်း ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats