စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် အသက် ၉ နှစ်အရွယ်
မိန်းကလေးငယ် တစ်ဦး သားမယား ပြုကျင့်ခံခဲ့ရကြောင်း သိရသည်။
.
အေးသာယာမြို့၊ ရပ်ကွက်(၇)၊ နယ်မြေ(၁၁)တွင် နေထိုင်သူ စိုးမင်း ဆိုသူသည် ယင်းမိန်းကလေးငယ်အား
အဓမ္မ ပြုကျင့်ခဲ့ကြောင်း မိန်းကလေးငယ်၏ မိခင်မှ မေလ ၂ ရက်တွင် သိရသဖြင့် မိန်းကလေးငယ်အား
မေးမြန်းရာ အဒေါ်ဖြစ်သူနှင့် အတူ ဖေဖော်ဝါရီလ ၂၀ ရက်က ရပ်ကွက်အုပ်ချူပ်ရေးမှူးရုံးရှိ
ကာကွယ်ဆေးတိုက်ရာ နေရာသို့ သွားရောက်ပြီးနောက် နေအိမ်သို့ မန်ကျည်းမှည့် သွား၍ ယူခိုင်းရာ
အဒေါ်ဖြစ်သူ၏ ခင်ပွန်း စိုးမင်းမှ မိန်းကလေးငယ်အား “ မုန့် ဝယ်ကျွေးမည်၊ မန်ကျည်းမှည့်လည်း
ပေးမည်” ဟု ပြောဆိုပြီး နေအိမ် အိပ်ခန်းအတွင်းသို့ ခေါ်ဆောင်ကာ သားမယားအဖြစ်
တစ်ကြိမ် ပြုကျင့်ခဲ့ပြီး မည်သူ့ကိုမှ မပြောရန် ခြိမ်းခြောက်ခဲ့သည့် အပြင် ဖေဖော်ဝါရီလ
၁၁ ရက်တွင်လည်း သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်ခဲ့ကြောင်းလည်း ရဲမှတ်တမ်းများအရ သိရသည်။
.
အဆိုပါ မိဘအုပ်ထိန်းမှု အောက်ရှိ အရွယ် မရောက်သေးသော အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်အား
အလို မတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သူ စိုးမင်းအား ဥပဒေအရ အရေးယူပေးရန် မိခင်မှ
မေလ ၃ ရက်တွင် တရားလိုပြုလုပ်၍ တိုင်ကြားခဲ့သဖြင့် အေးသာယာနယ်မြေရဲစခန်းမှ (ပ) ၄၃/၂၀၂၀
၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၃၆၃ (အမှုကြီး အမှတ်စဉ် ၁/၂၀၂၀)အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်
ရှိကြောင်း သိရသည်။
.