အေးသာယာတွင် ပန်းပျိုးပင်များ ပုံမှန်သာ အရောင်းအဝယ်ဖြစ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, May 29, 2020

အေးသာယာတွင် ပန်းပျိုးပင်များ ပုံမှန်သာ အရောင်းအဝယ်ဖြစ်နေ


နန်းဝင်းရီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ ပန်းပျိုးပင် ရောင်းချသည့် လုပ်ငန်းများ ပုံမှန်သာ အရောင်းအဝယ်ဖြစ်နေကြောင်း ပျိုးပင် ရောင်းချသူများထံက သိရသည်။
.
 
.
အဆိုပါ ပျိုးပင်များသည် မိုးဦးကျကာလတွင် အပွင့်များပြီး ရောင်းအားကောင်းသည့် ကာလဖြစ်သော်လည်း COVID-19 ကပ်ရောဂါ ကူးစက်မှုကြောင့် ယခုနှစ်တွင် ယခင်နှစ်များကဲ့သို့ အရောင်းအဝယ် မသွက်သော်လည်း ပုံမှန် ရောင်းအား ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
.
“အမျိုးအစားကတော့ အစုံပဲ။ နှင်းဆီပန်းပင်တွေ၊ ယိုးဒယားမျိုးတွေက အရောင်းရဆုံးပဲ။ မိုးတွင်းဆိုရင် ရောင်းအား အကောင်းဆုံး ဆိုပေမဲ့ ဒီနှစ်ကတော့ ပုံမှန်ပဲရှိပါတယ်” ဟု အေးသာယာမြို့ရှိ ရွှေဖြူပျိုးပင်များ ရောင်းဝယ်ရေးဆိုင်မှ တာဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အေးသာယာမြို့ရှိ ရွှေဖြူ ပျိုးပင်များ ရောင်းဝယ်ရေးခြံတွင် နှင်းဆီပျိုးပင်များအား ရိုးရိုးပင်နှင့် ယိုးဒယားပျိုးပင်ဟူ၍ ၂ မျိုး ပျိုးထောင်ထားရှိပြီး အပင်အမျိုးအစားအလိုက် ငွေကျပ် ၁၀၀၀ မှ ၅၀၀၀ ထိ ရောင်းချရကာ အခြားပျိုးပင်များ လည်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
.
ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသအတွင်း စိုက်ပျိုး ထားသည့် ရာသီပေါ်သီးနှံများ၊ ပန်းများ၊ ပျိုးပင်များ၊ နာနတ်သီးများ အစရှိသည့် သီးနှံများ အရောင်းပါးလျက်ရှိ ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About