စုလှိုင်
.
ရှမ်းပြည်နယ်အတွင်း တောင်သူများအတွက် ၂၀၂၀ ပြည့်နှစ် မိုးရာသီ စိုက်ပျိုးသီးနှံ
ချေးငွေများကို မေလအတွင်း စတင်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့
ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်ထံက သိရသည်။
.
.
ရှမ်းပြည်နယ်အတွင်းရှိ ဘဏ်ခွဲ ၇ ခုမှ မြို့နယ်ပေါင်း ၂၀ သို့ မိုးစပါး
၇၅၂၃၂ ဧကနှင့် အခြားသီးနှံ ၃၃၅၀၂ ဧက၊ စုစုပေါင်း ၁၀၈၇၃၄ ဧက အတွက် ချေးငွေပမဏကျပ်သန်းပေါင်း
၁၄၆၃၅ ထုတ်ချေးပေးရန် လျာထားကြောင်း သိရသည်။
“ချေးငွေ ထုတ်ချေးပေးတာက ငွေရေးကြေးရေး အသေးစား ဝန်ကြီးဌာနက ကိုယ်တိုင်
လက်မှတ်ထိုးထားတာရှိတယ်။ ချေးငွေ အတိုးကို လိုက်လံမကောက်ဖို့နဲ့ လူစုလူဝေးမဖြစ်ဖို့
စာထုတ်ထားတယ်။ သို့သော်လည်း မိုးရာသီ ရောက်တဲ့ အခါ မစိုက်ပျိုးလို့လည်း မရဘူး။ စားဖို့ကလည်း
လုပ်ရမှာဆိုတော့ အဲဒီအတွက် အချိန်မီ ချေးငွေတွေကို ထုတ်ပေးခြင်း ဖြစ်တယ် ”ဟု ပြည်နယ်ဝန်ကြီး
ဦးစိုးညွန့်လွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
ထို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဘဏ်ခွဲ (၂) လားရိူးမြို့တွင်လည်း
၂၀၂၀ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအတွက် ကျပ်သိန်းပေါင်း ၈၈၇၆၂ သိန်းထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း
သိရှိရသည်။
.
ချေးငွေနှုန်းထားများကို စပါးတစ်ဧကလျှင် တစ်သိန်းခွဲကျပ်၊ အခြားသီးနှံတစ်ဧကလျှင်
တစ်သိန်းကျပ်ဖြင့်ထုတ်ချေးပေးသွားမည်ဖြစ်ပြီး အတိုးနှုန်းထားကို တောင်သူလယ်သမားများထုတ်ချေးငွေအပေါ်တွင်
တစ်နှစ် ၅ ရာခိုင်နှုန်း ၊ တစ်လ ၄၁ ဒသမ ၆၇ ပြားအတိုးနှုန်းကောက်ခံသွားမည်ဖြစ်ကြောင်း
သိရသည်။
.
ထို့အပြင် ချေးငွေပြန်လည်ပေးဆပ်ရန် နောက်ဆုံးသတ်မှတ်ရက် အသီးသီး
ကျော်လွန်ပါက ကျသင့်သော အတိုးနှုန်း အပြင် ကျော်လွန်သောကာလအတွက် တစ်လ ၀ ဒသမ ၅
ရာခိုင်နှုန်းဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
.