ရှမ်းတောင်၌ COVID-19 ကာလတွင်း ယာဥ်တိုက်မှုများ လျော့ကျ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, May 25, 2020

ရှမ်းတောင်၌ COVID-19 ကာလတွင်း ယာဥ်တိုက်မှုများ လျော့ကျ


စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း ၌ COVID-19 ကပ်ရောဂါ ကာလဖြစ်သော ဧပြီလအတွင်း ယာဉ်တိုက်မှုများ လျော့ကျလာခဲ့ ကြောင်း အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်းတောင်) ထံက သိရသည်။
.
 
.
"ရှမ်းတောင်မှာ ၂၀၁၉ ဧပြီလတုန်းက ယာဉ်မတော်တဆမှု ၄၉ မှုဖြစ်တာပေါ့။ အခု ဧပြီလမှာ ၂၉ မှု ဆိုတော့ ၂၀ လောက် လျော့ကျသွားတယ်” ဟု အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်းတောင်) မှ ရဲမှူး ထွန်းအောင်နိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ် တောင်ပိုင်း၌ ၂၀၁၉ ခုနှစ် တစ်နှစ်တာအတွင်း ယာဥ်တိုက်မှု စုစုပေါင်း ၅၀၃ မှု ဖြစ်ခဲ့ပြီး ၅၄၄ ဦး ဒဏ်ရာ ရရှိခဲ့ကာ ၂၅၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
.
ယာဉ်မတော်တဆမှု လျော့နည်းပပျောက်စေရေးအတွက် ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ရှိ Taunggyi City ဟိုတယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်က ယာဉ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ် ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About