စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်
တွင် မေလ ၇ ရက်၊ ညပိုင်းက ငွေကျပ် ၉၅၀၀၀ တန်ဖိုးရှိ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြားများ
ဖမ်းမိခဲ့ကြောင်း သိရသည်။
.
.
အောင်ပန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မေလ ၇ ရက်၊ ည ၁၁ နာရီခန့်က
အောင်ပန်းမြို့ပေါ်ရပ်ကွက် များတွင် လှည့်ကင်းဆောင်ရွက်နေစဉ် မင်္ဂလာရပ်ကွက်၊ မိုးကုတ်ဝိပဿနာလမ်းနှင့်
ဓမ္မာရုံလမ်းဆုံအရောက်တွင် အောင်ပန်းမြို့၊ မြို့ဟောင်းရပ်ကွက်နေ မင်းဦး (၃၀ နှစ်)
မောင်းနှင်လာသည့် ဆိုင်ကယ်အား စစ်ဆေးရာ ၎င်းလွယ်ထားသည့် လွယ်အိတ် အတွင်းမှ အဖြူရောင်ပလတ်စတစ်ကပ်ခွာအိတ်ဖြင့်
ထုပ်ထားသည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄၀ ပြားနှင့် မောင်းနှင်လာသည့်
ဆိုင်ကယ်အတွင်းမှ အဖြူရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၅၅ ပြား စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား
၉၅ ပြား ခန့်မှန်းတန်ဖိုး စုစုပေါင်း တန်ဖိုး ၉၅၀၀၀ ကျပ် အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ မူးယစ်ဆေးဝါးများအား
ရောင်းချသုံးစွဲရန် အလို့ငှာ လက်ဝယ်ထားရှိသူ မင်းဦး အား အောင်ပန်းနယ်မြေရဲစခန်းမှ
(ပ)၆/၂၀၂၀ ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေ ၁၉ (က)ဖြင့်
အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိပြီး ကွင်းဆက်များအား ရှာဖွေ လျက် ရှိကြောင်း သိရသည်။
.