ခွန်သန်းအောင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ဟိုက်ဒရိုကွင်းတွင်
ယနေ့ မေလ ၇ ရက်၊ နံနက်ပိုင်းက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကလောတပ်နယ်မှ တန်ဖိုးနည်း
ထမင်းနှင့် ဟင်းများ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထမင်းဟင်း ပွဲ ၁၀၀ တို့ကို ငွေကျပ် ၄၀၀ နှုန်းဖြင့် ရောင်းချပေးခဲ့ပြီး
ထမင်းလိုက်ပွဲတစ်ပွဲလျှင် ကျပ် ၁၀၀ နှုန်း ဖြင့် ရောင်းချပေးခဲ့သည့်အပြင် ကြက်ဥ အလုံး
၁၀၀၀ ကိုလည်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဟိုက်ဒရိုကွင်းတွင် အောင်ပန်းမြို့သို့ ဝင်ရောက်လာသော ကုန်တင်ယာဉ်အားလုံးအား
ကုန်တင်ကုန်ချ ရပ်နားရန် ယာယီနေရာချထားပေးထားခြင်းဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းဒေသနှင့်
အောင်ပန်းမြို့မှ ထွက်ရှိသည့် ရာသီသီးနှံ ကုန်စိမ်းများကို နေပြည်တော်၊ တောင်ငူ၊ ပဲခူး၊
ရန်ကုန်နှင့် မန္တလေးမြို့များရှိ စားသုံးသူဈေးကွက်များသို့ ပို့ဆောင်ပေး နေခြင်းဖြစ်ကြောင်း
သိရသည်။
.