နန်းဝင်းရီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊
ပင်လောင်း-အောင်ပန်း လမ်းပေါ်၌ မေလ ၄ ရက်က ဆိုင်ကယ်ဖြင့် သယ်ဆောင်လာသည့် ဘိန်းဆီခဲဟု
ယူဆရသည့် အမဲရောင်အစေးခဲ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
မူးယစ်တပ်ဖွဲ့စု (၂၅) တောင်ကြီးမှ
တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၄ ရက်၊ ညနေပိုင်းက အောင်ပန်း-ပင်လောင်းလမ်းပေါ်တွင်
စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေစဉ် ပင်လောင်းဘက်မှ အောင်ပန်းမြို့ ဘက် သို့ တောင်ကြီးမြို့နေ
ဖြိုးမင်း (၂၈ နှစ်) ဆိုသူ မောင်းနှင်လာသော ဆိုင်ကယ်အား စစ်ဆေးရာ ၎င်းဝတ်ဆင်ထား သည့်
အနွေးထည် ရှေ့အိတ်ကပ် ဘယ်ဘက်အတွင်းမှ (9 NINE) တံဆိပ်ဖြင့် အနီရောင်သံဘူးအတွင်း အဖြူရောင် ကြွပ်ကြွပ်အိတ် အပိုင်းအစဖြင့်
ထုတ်ထားသည့် ဘိန်းဆီခဲဟု ယူဆရသော အမဲရောင်အစေးခဲ ၁၃၀ ဂရမ်ခန့် အား တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
ဆက်လက်ပြီး ၎င်းအား စစ်ဆေးရာ ပင်လောင်းမြို့၏
တောင်ဘက် ၂ မိုင်ခန့်အကွာ တောင်ယာအနီး၌ အမည်မသိ ပအိုဝ်းအမျိုးသားတစ်ဦးထံမှ ကိုယ်တိုင်
သုံးစွဲရန် ငွေကျပ် တစ်သိန်းဖြင့် ဝယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ကွင်းဆက်များအား
ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ဘိန်းဆီခဲများ
ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သယ်ဆောင်လာသူ ဖြိုးမင်းဆိုသူအား ကလောမြို့မ ရဲစခန်းမှ မယ(ပ)၁၅/၂၀၂၀၊
မူး/စိတ်ဥပဒေပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
.