အောင်ပန်းလမ်းတွင် စက်ချို့ယွင်းမှုကြောင့် ရပ်တန့်ထားသည့် မော်တော်ယာဉ်အား ဆိုင်ကယ်တစ်စီးမှ ဝင်တိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းလမ်းတွင် စက်ချို့ယွင်းမှုကြောင့် ရပ်တန့်ထားသည့် မော်တော်ယာဉ်အား ဆိုင်ကယ်တစ်စီးမှ ဝင်တိုက်

နန်းဝင်းရီ

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ဟဲဟိုး-အောင်ပန်းလမ်းတွင် မေလ ၅ ရက် ညပိုင်းက စက်ချို့ယွင်းမှုကြောင့် ရပ်တန့်ထားသည့် မော်တော်ယာဉ်အား ဆိုင်ကယ်တစ်စီးမှ ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

.


.

အောင်ပန်းမြို့၊ မင်္ဂလာ ရပ်ကွက်နေ ကျော်ဝင်းနိုင် (၅၀ နှစ်) သည် မေလ ၅ ရက်၊ ည ၇ နာရီခန့်က မော်တော် ဆိုင်ကယ်ဖြင့် ဟဲဟိုးမှ အောင်ပန်းဘက်သို့ မောင်းနှင်လာစဉ် ရွာသစ်ရပ်ကွက်၊ ပစ္စုပ္ပန်ဘုန်းတော်ကြီးကျောင်း အနီး၌ စက်ချို့ယွင်းမှုကြောင့် လမ်း၏ ယာဘက် လမ်းကြောပေါ်တွင် ရပ်တန့်ထားသည့် မင်းခန့်မောင်မောင် (၂၁ နှစ်) မောင်းနှင်သော ၂၂ ဘီး တွဲကားအနီရောင်ယာဉ်အား နောက်မှ ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ယာဉ်မောင်း ကျော်ဝင်းနိုင်တွင် နဖူးပေါက်ပြဲဒဏ်ရာ၊ နှာခေါင်းသွေးထွက် ဒဏ်ရာ၊ အပေါ်နှုတ်ခမ်း ပေါက်ပြဲဒဏ်ရာ၊ ပါးစပ်သွေးထွက်ဒဏ်ရာ၊ ယာဘက်ပေါင်ဖုရောင်(စိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့ပြီး ယင်းညတွင် အောင်ပန်းတိုက်နယ်ဆေးရုံသို့  ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

.

ယာဉ်တိုက်မှုနှင့် ပတ်သက်၍ တွဲယာဉ်အား ဝင်ရောက်တိုက်မိသူ ကျော်ဝင်းနိုင်အား အောင်ပန်းနယ်မြေရဲစခန်းတွင် (ပ)၃၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၈ ဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats