ရှမ်းပြည်နယ်အစိုးရ အတွင်းရေးမှူး ရန်ကုန်တိုင်းအစိုးရသို့ ပြောင်းမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အစိုးရ အတွင်းရေးမှူး ရန်ကုန်တိုင်းအစိုးရသို့ ပြောင်းမည်


ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်သူ ဒုညွှန်ကြားရေးမှူးချုပ် ဦးစိုးစိုးဇော်သည် ရန်ကုန်တိုင်းဒေသကြီးသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရမည် ဖြစ်ကြောင်း သိရသည်။
.

“ ပြောင်းရွှေ့ရမှာ ဟုတ်ပါတယ်။ ရန်ကုန်တိုင်းကို အတွင်းရေးမှူးနဲ့ပဲ ပြောင်းရမှာ ဖြစ်ပါတယ်။ ရှမ်းအစိုးရကိုတော့ နေပြည်တော်တိုင်းက ဦးနေလင်းက တာဝန် ထမ်းဆောင်မှာ ဖြစ်ပါတယ်။” ဟု ဒုညွှန်ကြားရေးမှူးချုပ် ဦးစိုးစိုးဇော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၀ တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အကြီးအမှူးသည် ရာထူးအလျောက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူး ဖြစ်သည်၊ ထို့အပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ရုံးလည်း ဖြစ်ကြောင်း ဖော်ပြထားသည်။
.

Journal Download

Photo of three cats