.
ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ပင်းတယမြို့နယ်၊ တပ်ကြီးကျေးရွာ၏ အနောက်ဘက် တောင်ကုန်းရှိ ပန်းစစ်ကျေးရွာ ကျောက်တောင်ကွင်းအတွင်း၌
ပြုလုပ်နေသည့် ခွင့်ပြုချက်မဲ့ ကျောက်တူးခြင်း လုပ်ငန်းများကို မေလ ၃ ရက်က တားမြစ်ခဲ့သည်ဟု
ပင်းတယမြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
.
![]() |
ဓါတ်ပုံ - ဓနုရေဒီယိုအစီအစဉ် |
“ လိုင်စင်မဲ့ ထုတ်တာ ဖြစ်လို့
ပိတ်သိမ်းပါတယ်။ ခြံပိုင်ရှင်က တောင်ကြီးကပါ။ မိုင်းခွဲ ထုတ်တာ ဖြစ်လို့ အန္တရာယ် ရှိပါတယ်။
ခုလို မလုပ်ဖို့ ဝန်ခံကတိ ထိုးခိုင်းထားပါတယ်။” ဟု ပင်းတယမြို့နယ် အုပ်ချုပ်ရေးမှူး
ဦးနေမျိုးဇော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထုံး ကျောက်တောင်အား မိုင်း ခွဲကာ
ရရှိလာသည့် ကျောက်များကို ထုတ်လုပ်ရောင်းချနေခြင်းသည် တောတောင်အလှများ ပျက်စီးခြင်း၊
ဖြတ်သန်းသွားလာသည့် လူနှင့်တိရစ္ဆာန်များ အတွက် အန္တရာယ် ရှိနိုင်ခြင်း၊ တောင်ခြေရှိ
လူနေအိမ်များ အတွက် အန္တရာယ် ရှိနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းများ ဖြစ်လာနိုင်ခြင်းတို့ကြောင့်
မပြုလုပ်ရန်နှင့် တရားဝင် ခွင့်ပြုချက် မရဘဲ လုပ်ဆောင်ပါက တည်ဆဲဥပဒေအရ အရေးယူသွားမည်ဟု
ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
.
အဆိုပါ သက်ဆိုင်ရာ၏ ခွင့်ပြုချက်
မရှိဘဲ လိုင်စင်မဲ့ ကျောက်ထုတ်ခြင်း၊ ကျောက်မိုင်း ခွဲ၍ ထုံးကျောက်များ ထုတ်လုပ် ရောင်းချနေခြင်းအား
မြို့နယ်စီမံခန့်ခွဲရေးကော်မတီနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက မေလ ၃ ရက်တွင် သွားရောက်
စစ်ဆေးပြီး တားမြစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.