ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးဆောင်၍ Mask Shan Campaign ပြုလုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးဆောင်၍ Mask Shan Campaign ပြုလုပ်မည်

စုလှိုင်
.
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဦးဆောင်၍ တောင်ကြီးမြို့ အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့များ၌ မေလ ၇ ရက်တွင် Mask Shan Campaign ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
.
 “တစ်ပြိုင်တည်း၊ မနက် ၇ နာရီ စမယ်။ ဒီ Mask Shan Campaign က အဓိက အရေးကြီးတယ်။ ဒီ Mask က အဓိက တပ်ရတဲ့ အကြောင်းက ပြင်ပရောဂါ ကူးစက်မှုထက် မိမိရဲ့ ရောဂါကို သူများဆီ မကူးအောင် အဓိက အချက် ဖြစ်တယ်။ ဘာပဲပြောပြော ဒီ Mask culture (Mask တပ်ခြင်း ယဉ်ကျေးမှု) က ဒီ COVID အလွန်မှာလည်း Mask culture က ပုံမှန် ဆက်ရှိဦးမှာပဲ။” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.


.
အဆိုပါ Mask တပ်ဆင်သည့် အလေ့အထမှာ ကျန်းမာရေး အသိပညာမြင့်သည့် ကမ္ဘာ့နိုင်ငံအချို့တွင် ယခင်ကတည်းက ရှိနေပြီးဖြစ်ကာ Mask culture မှာ COVID အလွန်ကာလတွင်လည်း ဆက်လက် အသုံးဝင်နေမည် ဖြစ်ပြီး COVID ကာလတွင်လည်း မိမိရောဂါကို သူတစ်ပါးထံ မကူးစက်စေရန်အတွက် ရည်ရွယ်၍ Mask Campaign အား ပြုလုပ်ခြင်း ဖြစ်ကြောင်းနှင့် Mask culture၊ social distancing အား လိုက်နာမည်ဆိုပါက ကူးစက်ရောဂါများ လျော့ကျသွားမည် ဖြစ်ခြင်းကြောင့် Mask Shan Campaign ကို ပြုလုပ်ရခြင်း ဖြစ်သည်ဟု ဝန်ကြီး ဦးစိုးညွန့်လွင်က ဆက်လက်ပြောကြားသည်။
.

အဆိုပါ Mask Shan Campaign ကို မြို့တော်တောင်ကြီး အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့ပေါင်း ၁၅ မြို့ခန့်တွင် တစ်ပြိုင်တည်း ပြုလုပ်သွားမည်ဖြစ်ပြီး Campaign တွင် မည်သူမဆို ပါဝင် ဆောင်ရွက်နိုင်ကြောင်းနှင့် Mask များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့က အခမဲ့ ပေးဝေသွားမည် ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats