မိုင်းဆတ်မြို့နယ်၌ မော်တော်ယာဉ် တိမ်းမှောက်၍ လမ်းလုပ်သား ၁၀ ဦး သေဆုံးခဲ့ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, May 27, 2020

မိုင်းဆတ်မြို့နယ်၌ မော်တော်ယာဉ် တိမ်းမှောက်၍ လမ်းလုပ်သား ၁၀ ဦး သေဆုံးခဲ့ရ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းဆတ်-တာချီလိတ်လမ်း၊ ပါခါး ကျေးရွာအနီး၊ လွယ်ဆုံတောင်အဆင်း၊ တွင်  မေလ ၂၆ ရက်၊ နံနက်ပိုင်းက လမ်းလုပ်သားများ လိုက်ပါ စီးနင်းလာသည့် မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် လမ်းလုပ်သား ၁၀ ဦး သေဆုံးခဲ့ရပြီး ၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.

လမ်းလုပ်သား ကိုဇေယျာဦး မောင်နှင်သည့် တစ်လုံးထိုး အပြာရောင် မြေသယ်ယာဉ်သည် မိုင်းဆတ်-တာချီလိတ်လမ်း၊ ပါခါးကျေးရွာအနီး လွယ်ဆမ်ဆုံတောင်အဆင်း အရောက်တွင် စက်ချို့ယွင်း၍ လမ်း၏ ညာဘက်ပေ ၂၀၀ ခန့် အနက်ရှိ  ချောက်အတွင်း ကျကာ ယာဉ်ပေါ်ပါ လမ်းလုပ်သား ၁၉ ဦးအနက် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၆ ဦးတို့မှာ နေရာတွင် သေဆုံး၍ ကျန် ဒဏ်ရာ ရရှိသူများကို မိုင်းဆတ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် အမျိုးသမီး ၁ ဦးမှာ ထပ်မံ သေဆုံး ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်တိမ်းမှောက်မှုအား တပ်မတော်သားများနှင့် ဒေသခံပြည်သူများက ကူညီ ကယ်ဆယ်မှုများ ပြုလုပ်ပေး၍ ဒဏ်ရာ ရရှိသူများနှင့် သေဆုံးသူများကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ မော်တော်ယာဉ်အား မဆင်မခြင် မောင်းနှင်းသူ ကိုဇေယျာဦးအား မိုင်းတွမ်းနယ်မြေ ရဲစခန်းတွင် အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်ထားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About