လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၄၀ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်များ ဖမ်းမိ - Kanbawza Tai News

Breaking

Boxed(True/False)

Tuesday, May 26, 2020

လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၄၀ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်များ ဖမ်းမိ


ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၄၀ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်များကို မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့က မေလ ၂၄ ရက်တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။
.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် သတင်းအရ မေလ ၂၄ ရက်၊ နံနက် ၂ နာရီခန့်တွင် သက်သေများနှင့်အတူ လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီး၊ လွိုင်လင်-တောင်ကြီး ကားလမ်းတွင် ခွန်စံဦး မောင်းနှင်ပြီး ဝေလင်းထွန်း လိုက်ပါလာသည့် ၁၂ ဘီး အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့် ရှာဖွေရာ ၎င်းမော်တော်ယာဉ် အတွင်းမှ ငွေကျပ် ၄၀ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ် ၁,၆၁၅ ကီလိုအား သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

ယင်းကဲ့သို့ အိုက်စ်များနှင့်အတူ ဖမ်းဆီးရမိသည့် ခွန်စံဦးနှင့် ဝေလင်းထွန်းတို့အား စစ်ဆေး မေးမြန်းရာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်၊ ကျွန်းချောင်းအုပ်စု၊ လေးဖာထောကျေးရွာနေ ကိုသူ(ခ)မြင့်သူ၊ ကိုဖြူနှင့် မိုင်းရှူးမြို့နယ်၊ ဝမ်ဟိုင်းကျေးရွာအုပ်စု၊ ဝမ်ဆော့ကျေးရွာနေ ကိုစိုင်းတို့လည်း ပါဝင်ပတ်သက်ကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိသူများနှင့် ပါဝင်ပတ်သက်သူများကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)